-
Movie Name
-
Janhit Mein Jaari (2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
IND0423
-
Type
-
Movie
-
Size
-
1.07 GB
-
Country
-
Bollywood
-
Description
-
တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော
ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် ….
ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ်
ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား
ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်း
===============
မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်..
အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်..
ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ…
ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ
အချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။
ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို
ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့်
comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။