-
Movie Name
-
A Dream Of Splendor (ဂန္တဝင်အိပ်မက်) (2022)
-
Year
-
2022
-
Generes
-
Historical, Romance
-
Code
-
SC0552
-
Type
-
Series
-
Size
-
10.3 GB
-
Country
-
China
-
Description
-
1-40 Completed
A Dream of Splendor ဆိုတဲ့ကားလေးနဲ့
မိတ်ဆက်ပေးလိုက်ချင်ပါတယ်။
ဇာတ်လမ်းထဲမှာပါတဲ့ cast တွေကတော့
(2006) သိမ်းဌက်သူရဲကောင်းဇာတ်ကားထဲမှာ
ဂူးဂူးအဖြစ် လူသိများတဲ့ Liu Yi Fei ,
The Romance of the Condor Heroes (2014) ဇာတ်ကားထဲမှာ
Yang Guo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Cheng Xiao တိုက
ပါဝင်သရုပ်ဆောင်ထားပြီး ဂူးဂူးရဲ့ (၁၅) နှစ်ကျော်မှာ
comeback အနေနဲ့ပြန်လာတဲ့ဇာတ်လမ်းတွဲလေးလည်းဖြစ်တော့
သေချာပေါက်ကောင်းမွန်တဲ့ဇာတ်ကောင်းကောင်းလေးဖြစ်မှာ
အသေအချာပါဘဲနော်
ဇာတ်လမ်းအကျဉ်းလေးကတော့
ဟန်ကျိုးမြိုမှာအခါးရည်ဆိုင်လေးဖွင့်ထားတဲ့ Zhao Pan Er က
တစ်နေ့မှာသတိုသားလောင်းဖြစ်တဲ့ Ou Yang Xu ဆီက
မြိုတော်မှာစာမေးပွဲအောင်ကြောင်းသတင်းကြားသိရတဲ့
တစ်ချိန်တည်းမှာဘဲ Zhao Pan Er ကိုမျိုးရိုးနိမ့်လိုဆိုတဲ့
အကြောင်းပြချက်နဲ့စေ့စပ်ပွဲဖျက်သိမ်းကြောင့်သတင်းပါ
ကြားသိရတာပေါ့။ဒီလိုနဲ့ Zhao Pan Er ကလက်မခံနိုင်ပဲ
မြိုတော်ဆီသွားပြီးတရားမျှတမှုကိုရအောင်ရှာမယ်ဆိုပြီး
ကတိပြုခဲ့တယ်။မြိုတော်ကိုသွားတဲ့လမ်းမှာ
အိမ်ထောင်ရေးမှာလိမ်ညာလှည့်စားသွားခံရတဲ့ Song Yin Zhang ကို
ကယ်တင်ရင်းညီအစ်မတွေလိုဖြစ်သွားခဲ့တယ်။တစ်ချိန်တည်းမှာပဲ
မြိုတော်ဆီသွားတဲ့လမ်းမှာ အိမ်ထောင်ရေးကံမကောင်းတာကြောင့်
ကိုယ့်ကိုယ်သတ်သေဖိုကြိုးစားနေတဲ့ Sun San Niang ကို
ကယ်တင်ရင်း Zhao Pan Er, Song Yin Zhang တိုနဲ့
ညီအစ်မတွေလိုဖြစ်သွားခဲ့တယ်။
အဲ့အချိန်မှာပဲ Ou Yang Xu က Zhao Pan Er
သူ့ဆီလာနေတယ်ဆိုတာသိလိုက်ရတာကြောင့် Zhao Pan Er ကို
Bian Jing ဆီမောင်းထုတ်ဖိုကြိုးစားပါတော့တယ်။
Zhao Pan Er တိုညီအစ်မသုံးဖော်ကလည်း Bian Jing မှာ
အခြေချနေထိုင်ဖိုဆုံးဖြတ်ခဲ့တာကြောင့်
အခါးရည်ဆိုင်သေးသေးလေးကိုဖွင့်ခဲ့တယ်။
ဒီလိုနဲ့ဆိုင်သေးသေးလေးကနေ Bian Jing ရဲ့
အကြီးဆုံးစားသောက်ဆိုင်ဖြစ်လာခဲ့တယ်။သိုသော်လည်း
ရှေးခေတ်ရဲ့အမျိုးသမီးတွေဟာအမျိုးသားတွေနဲ့တန်းတူညီမျှမရှိရ,
နှိမ်ချပြီးထောင်လွှားမှုမရှိရဆိုတဲ့ဝါဒတွေနဲ့ကြုံတွေ့လာရတဲ့အခါမှာတော့………
ကဲဒီတော့ဒီဇာတ်ကားလေးထဲမှ
ာရှေးခေတ်လူနေမှုထုံးတမ်းစဉ်လာတွေ၊
မိန်းကလေးတွေအပေါ်သတ်မှတ်ထားတဲ့ခံယူချက်တွေ၊
အတွေးအခေါ်တွေကိုဒီညီအစ်မသုံးဖော်ကဘယ်လိုတွေပြောင်းလဲပစ်မလဲ။
ပြောင်းလဲမှုကြောင့်ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ။
ဘယ်လိုတွေဖြတ်ကျော်ကြမလဲဆိုတာကိုဒီဇာတ်လမ်းကို
ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် ~