-
Movie Name
-
Love Accidentally (2022)
-
Year
-
2022
-
Generes
-
Comedy, Romance
-
Code
-
EN1365
-
Type
-
Movie
-
Size
-
834 MB
-
Country
-
Hollywood
-
Description
-
Love Accidentally (2022)
စာဖတ်သူရေ ….
အွန်လိုင်းကနေ စာတွေ အပြန်အလှန်ပို့ရင်း ပြုံးနေမိပြီလား …
.
ပြောတဲ့စကားတွေက အချစ်ရေးတွေ မဟုတ်တာတောင် ဒီလူနဲ့ဆို ပျော်ရွှင်ရလို့
ကိုယ်တိုင် မသိလိုက်ခင်မှာတင် ကိုယ်ရဲ့ တစ်နေ့တာအကြောင်း စာလေးတွေ ပို့မိနေပြီလား
အခု ဒီစာလေးဖတ်ရင်း တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ အတွေးထဲမှာ ခွင့်ပြုချက်မရှိဘဲ
၀င်လာနေပြီလား…..
ဒါဆို မတော်တဆ ချစ်မိနေပြီလို့ ရာနှုန်းပြည့်ပြောမရရင်တောင် တစ်၀က်တော့
မှန်နေပါပြီ …. တစ်၀က်ကတော့ သင်ကိုယ်တိုင် အတည်ပြုပေးဖို့ လိုပါလိမ့်မယ်…..
ဒီအကြောင်းအရာလေးကို လူနှစ်ယောက်ရဲ့ အဖြစ်နဲ့ သက်သေပြပေးချင်ပါတယ်….
ဂျေဆင်နဲ့ အလက်ဇာဆိုတာ ကြော်ငြာကုမ္ပဏီတစ်ခုက အရည်အချင်းရှိ
အရောင်းကိုယ်စားလှယ်နှစ်ဦးပါ။ အရာရာမှာ အပြိုင်အဆိုင်နဲ့ သူ့ထက်ငါကျောအောင်
အမြဲကြိုးစားနေကြသူတွေပေါ့။ တစ်နေ့မှာ အကြောင်းကိုယ်စီနဲ့ အရောင်းကိုယ်စားလှယ်
ရာထူးကနေ စောပစ်ဘဲပစ် ရာထူးပါ နှစ်ယောက်သား ထပ်ရသွားပါတယ်။
ပိုပြီးကံဆိုးတဲ့ အလက်ဇာကတော့ ဘဲပစ်ခံရတဲ့နေ့မှာ ဖုန်းကပါ လစ်သွားလို့
ဖုန်းအသစ်တစ်လုံးနဲ့ သူငယ်ချင်းမကို အသည်းကွဲကြောင်း စာအရှည်ကြီးတွေပို့
ဖီးလ်ပါတော့တယ်။
နည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘယ်သူမှ ဖုန်းနံပါတ်အလွတ်မရတဲ့ ပြဿနာနဲ့
အလက်ဇာတစ်ယောက် သူငယ်ချင်းရဲ့ ဖုန်းနံပါတ် နောက်ဆုံး ၂လုံးကို မှားမှတ်မိပြီး
သူ့ရဲ့ အဖီးလ်တလိုင်းတွေက သူစိမ်းတစ်ယောက်ထံ ရောက်သွားပါတော့တယ်။
သူစိမ်းဆိုပေမယ့် ခံစားချက်ချင်းတူသူတွေ ဖြစ်နေရာက တစ်ဖက်လူနဲ့ အလက်ဇာတို့
“သူ” နဲ့ “သူမ” ဆိုတဲ့ အမည်မသိ ရင်ဖွင့်ဖော်မိတ်ဆွေတွေ ဖြစ်လာခဲ့ပါတယ်…..
တကယ်တော့ “သူ” နဲ့ ” သူမ” ဟာ ရုံးမှာ တစ်စက်မှ မတည့်တဲ့သူနှစ်ယောက်ဆိုတာ
ကာယကံရှင်တွေဖြစ်တဲ့ ဂျေဆင်နဲ့ အလက်ဇာတို့ ကိုယ်တိုင် မသိလိုက်တဲ့အခါ …