Movie Name
Braindead (Dead Alive) (1992)
Year
1992
Generes
Fantasy, Horror
Code
EN1372
Type
Movie
Size
1.45 GB
Country
Hollywood
Description
King Kong နဲ့ The Lord of The Rings Trilogy အပြင် The Hobbit Trilogy တို့နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒါရိုက်တာကြီး Peter Jackson ရဲ့ ဒါရိုက်တာပေါက်စဘဝက ရိုက်ခဲ့တဲ့ သူ့​ခေတ်သူ့အခါက တစ်မူထူးပြီးနာမည်​ကျော်ခဲ့တဲ့ Horror Comedy ကား​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ” သတိချပ်​စေချင်တာက​တော့ တချို့အခန်း​တွေက အင်မတန်မှ သွေးထွက်သံယို အသတ်အဖြတ် အခုတ်အထစ်ကြမ်းပြီး WTF တ,​ရ​လောက်​အောင် အတော်လေးကို ကြမ်းတမ်းတာမို့ အသည်းငယ်သူများ၊ ရွံတတ်သူများ၊ က​လေးငယ်များ မကြည့်မိဖို့ အကြံပြုချင်ပါတယ်… “ ဒါပေမဲ့ အဲဒီ ရွံစရာ​တွေကြား ဟာသ​နှောထားပုံ​​လေးနဲ့ ကြည်နူးစရာလေး‌တွေကိုလည်း ​တွေ့မြင်ရမှာပါ။ ဇာတ်လမ်း​လေးက​တော့ ကြွက်လိုလို​မျောက်လိုလို ဇက်​တောက်ဇက်​တောက်ကောင်ကို ဖမ်းပြီး တိရစ္ဆာန်ရုံ ပို့ပြီး ရောင်းစားတဲ့​နေရာက အစပြုထားပါတယ်။ မင်းသား လိုင်နယ်လ်ဟာ အ​မေချစ် မားမားဘွိုင်းတစ်​ယောက်ဖြစ်ပြီး သူ့နဲ့ကြမ္မာဖန်လာတဲ့ မင်းသမီး ပါခီတာနဲ့ တိရစ္ဆာန်ရုံမှာ ​လျှောက်လည်ကြရင်း အ​မေဖြစ်သူ ဗီရာဟာ တိတ်တခိုးလိုက်​ချောင်းပါ​တော့တယ်။ အ​ချောင်း​ကောင်းတဲ့ ဗီရာတစ်​ယောက် ဇက်​တောက်​ကောင်ရဲ့ ကိုက်ဖြတ်မှုကို ခံလိုက်ရပြီး ဖုတ်ကောင်ဘဝရောက်၊ သူကနေတဆင့် မြို့က တခြားသူ‌တွေပါ ဖုတ်ကောင်တွေဖြစ်သွားချိန်မှာ မားမားဘွိုင်း​လေး ဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု ခံစားရမှာ ဖြစ်ပါ​ကြောင်း……