Movie Name
Dear Probationary Girlfriend (မြတ်နိုးရပါသော အစမ်းခန့်ချစ်သူ)
Year
2022
Generes
Comedy, Romance
Code
SC0554
Type
Series
Size
3.95 GB
Country
China
Description
ဇာတ်လမ်းအကျဥ်း...... မျက်လုံးဒဏ်ရာ‌ကြောင့် ဆတ်ဆတ်ထိမခံဖြစ်ကာ ဖော်ရွေမှုမရှိတဲ့ တစ်ကိုယ်တည်းနေတတ်သူ * လင်ကျယ်ယန်*နဲ့ အပြုသဘောဆောင်တဲ့စိတ်ထားနဲ့ရွှင်ရွှင်ပျပျနေတတ်တဲ့ အိမ်တော်ထိန်း* ရှယိုး* တို့ကြား အချင်းချင်းကုစားပေးရင်း အတူတကွရည်မှန်းချက်ကိုအကောင်အထည်ဖော်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ♦လင်ကျယ်ယန်ဟာ မျက်စိပြဿနာကြောင့် အပျက်သဘောဆောင်တဲ့အဆိုးမြင်ဝါဒတွေ နှလုံးသားထဲ ကိန်းအောင်းနေတဲ့သူပါ။ နောက်ပိုင်းမှာတော့ ရှယိုးရဲ့အပြုသဘောဆောင်တဲ့အကောင်းမြင်ဝါဒတွေ လွှမ်းမိုးခံရပြီးနောက် တဖြည်းဖြည်းချင်း သူ့ဘဝနဲ့အလုပ်အတွက် စိတ်အားထက်သန်မှုတွေပြန်လည်ရရှိလာပါတော့တယ်။ ♦တစ်ဖက်မှာလည်း ရှယိုးရဲ့မိသားစုအခြေအနေဟာရှုပ်‌ထွေးလွန်းလှပါတယ်။ ရှယိုးဟာ ဘဝရဲ့ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်နေတဲ့ကြားက တက်ကြွဖြတ်လတ်မှုကို ထိန်းသိမ်းထားပြီး လင်ကျယ်ယန်နဲ့ပနံသင့်အောင်နေရင်း နှလုံးသားထဲမှာ မိမိဘဝရဲ့တန်ဖိုးကိုရှာဖွေဖို့တွန်းအားတွေအစဉ်အမြဲဖြစ်ပေါ်နေသူပါ