Movie Name
Toxic (2022)
Year
2022
Generes
Drama
Code
KR0248
Type
Movie
Size
677 MB
Country
Korea
Description
Toxic (2022) လောကကြီးမှာ ကိုယ်ငွေရဖို့ တစ်ခုအတွက်နဲ့ သူများတကာတွေရဲ့ အသက်ကို ကစားစရာလို သဘောထားကြတဲ့ လူ့ဘီလူးတွေ ပေါများလှပါတယ်။ ဒီကားလေးကလည်း ​အဲသဘောအတိုင်းပါပဲ။ O2 လို့ခေါ်တဲ့ ကုမ္ပဏီကြီးတစ်ခုကနေ ထုတ်လုပ်လိုက်တဲ့ humidifier disinfectant ကနေ လူပေါင်းများစွာ သေကြေပြီး ရောဂါတွေဖြစ်ပွားစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူတွေသေသေ ငါမသေဖို့အရေးကြီးတယ် ဆိုသလို O2 ကုမ္ပဏီဘက်ကနေ ကိုယ့်အပြစ်အတွက် ဝန်ခံခြင်းလည်းမရှိသလို ​ဆက်ပြီးလည်း ရောင်းချနေခဲ့ပါတယ်။ နစ်နာသူတွေ အားလုံးစုပြီး O2 ကို တရားစွဲဆိုမှု လုပ်ခဲ့ပေမဲ့ ကြီးနိုင်ငယ်ညှင်း ဆိုတဲ့ အတိုင်း နိုင်ဖို့အလားအလာ အင်မတန် နည်းပါးခဲ့တာပေါ့။ ဒါပေမဲ့ လုံးဝအရှုံးမပေးတဲ့ ရှေ့နေမလေး ဟန်ယောင်းဂျူကတော့ ရှေ့ဆက်တိုးရင်း တခြားဘယ်လို လှည့်ကွက်တွေနဲ့ အပြစ်ပေးသွားမလဲ? ဒီလိုပြဿနာမျိုးတွေက အပြင်မှာလည်း တကယ်ရှိတဲ့ အရာလေးတွေဖြစ်ပြီး ဒီဇာတ်ကားကလည်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ ကြည့်ရတာ အရမ်းကို ဘဝင်ကျစေမှာပါ။ တောင်ကိုရီးယားနိုင်ငံက ဝန်ကြီးဌာနတွေရဲ့ တာဝန်ယူစိတ် မရှိပုံတွေ၊ စီးပွားရေးသမားတွေရဲ့ လောဘတွေ၊ မြေဇာပင်ဖြစ်ပြီး အပြစ်မရှိစွာ သေဆုံးသွားခဲ့ရတဲ့ အသက်တွေ … ဒီဇာတ်ကားလေး ကြည့်ရှုပြီး လက်တွေ့ဘဝနဲ့ ချိန်ထိုး မှန်းဆကြည့်လိုက်ကြရအောင်ပါ။