-
Movie Name
-
The Wheel (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
EN1378
-
Type
-
Movie
-
Size
-
601 MB
-
Country
-
Hollywood
-
Description
-
The Wheel (2021) (သို့) “မကြည့်ရမြဲတတ်သည်”
================================
IMDb Rating – 6.5/10
ဆရာဝိဇယရဲ့ “မဖတ်ရ မြဲတတ်သည်” စာအုပ်လိုမျိုး ထွက်လာခဲ့တဲ့
၂၀၂၂ မှာထွက်လာတဲ့ ဒရာမာကားလေး။ နောက်ပိုင်း ဒရာမာကားတွေက
မျှော်မှန်းထားသလောက်ရင်ထဲမထိခဲ့တာမို့ ဒီကားကိုလည်း သိပ်မမျှော်
လင့်မိတာအမှန်။ ဒါပေမဲ့ ၂၀၂၂ မှာတော့ ဒီကားလေးက မဆိုးဘူးလို့ပြော
ရမယ် ထင်တယ်။
အခုလိုပြောလို့ အရမ်းကြီးမျှော်လင့်ထားပြီးတော့ကြည့်တာမျိုးတော့
မဖြစ်စေချင်ဘူးရယ်။ ဘာလို့ဆို Me Before You ကို အရမ်းမျှော်လင့်ပြီး
ကြည့်လိုက်လို့ သာမာန်လိုမျိုးပဲခံစားခဲ့ရဖူးတယ်။ ဒါပေမဲ့ တကယ်ကောင်းတဲ့
ကားလေးပါ။ ဇာတ်ဝင်သီချင်းတွေကလည်း ဇာတ်လမ်းနဲ့လိုက်ဖက်လှပါတယ်။
IMDb မှာ 6.5 ပဲ ရထားပေမဲ့ Rotten Tomatoes မှာတော့ 96% ထိရရှိ
ထားပါတယ်။ Metacritic မှာတောင် 66 % ထိရထားတဲ့ကားလေးပါ။
ဇာတ်လမ်းအညွှန်း
အရမ်းချစ်ကြတဲ့အတွဲလေးတွေ ပျက်ခါနီးတဲ့အခါ၊ အရမ်းချစ်ပေးတဲ့
ကောင်လေးကို ကိုယ့်ကြောင့် သူပင်ပန်းနေလို့ သူ့ကိုဆက်မတွဲချင်တော့တဲ့အခါ၊
ကောင်လေးဖက်က ဘယ်လိုတွေခံစားနေရလဲ၊ ကောင်မလေးကရော ဘယ်လို
ကြောင့်မလို့ ဒီလိုမျိုးတွေပြောနေရတာလဲဆိုတာမျိုးတွေအပြင် သမီးရည်းစား
စုံတွဲလေးတွေရဲ့ အခြားဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားလေးကို ထည့်ရိုက်ကူး
ထားတဲ့ The Wheel ဆိုတဲ့ကားလေးထဲက အယ်ဘီနဲ့ ဝေါကာတို့အတွဲလေးကို
ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။
ဆိုတော့ . . . “မကြည့်ရ မြဲတတ်သည်”