Movie Name
The Bear (2022)
Year
2022
Generes
Comedy
Code
SE0291
Type
Series
Size
2.14 GB
Country
Hollywood
Description
1-8 Completed အမေရိကန်ရဲ့ထိပ်တန်းစားသောက်ဆိုင်က ထိပ်တန်းစားဖိုမှူးလေး Carmen Berzatto တစ်ယောက် မိသားစုလုပ်ငန်းဖြစ်တဲ့ ဆန်းဒွစ်ဆိုင်ကို ပြန်ဦးစီးဖို့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရုန်းကန်မှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးပါ။ IMDb rating 8.5 ရထားပြီးတော့ စားသောက်ဆိုင်က စားဖိုဆောင်ကလူတွေရဲ့ အလေ့အကျင့်တွေ လုပ်ပုံကိုင်ပုံတွေကို အသေးစိတ်ရိုက်ပြထားတာဖြစ်လို့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ Carmen ဦးစီးရမယ့်စားသောက်ဆိုင်ကဝန်ထမ်းတွေက သူ့တို့အစီအစဉ်အတိုင်းလုပ်ချင်ပြီးတော့ သူ့လို လူသစ်ကို လက်မခံချင်တဲ့အခါ၊ သူ့ဆုံးဖြတ်ချက်တွေကို မလေးစားတဲ့အခါ၊ သူ့အစ်ကိုဝမ်းကွဲကလည်း သူပြောင်းလဲချင်တာတွေကို လက်မခံတဲ့အခါ ဝန်ထမ်းတွေနဲ့ဆက်ဆံရေး၊ မိသားစုနဲ့ ဆက်ဆံရေးတွေအတွက် သူတော်တော်လေးရုန်းကန်ရပါတယ်။ Carmen တစ်ယောက် ဆိုင်ကိုအောင်မြင်အောင် ဦးဆောင်နိုင်ပါ့လား၊ ဝန်ထမ်းတွေနဲ့ရော အဆင်ပြေပါ့မလား၊ မိသားစုကရော သူလုပ်ချင်တာတွေကို လက်ခံပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ အပိုင်းတိုင်းစောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စုစုပေါင်း ၈ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်