Movie Name
Rome (2005)
Year
2005
Generes
Action, Adventure, Drama
Code
SE0292
Type
Series
Size
6.36 GB
Country
Hollywood
Description
1-12 Completed ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်နဲ့ တစ်ခမ်းတစ်နားရိုက်ထားပြီး ဆယ့်ရှစ်အပေါင်းတွေလဲ အများကြီးပါတဲ့ HBOရဲ့ စီးရီးကို ပြောပါဆိုရင် တစ်ရာမှာ တစ်ရာ့တစ်ယောက်က Game Of Thronesလို့ပဲ ဖြေကြမှာ သေချာပါတယ်။ ဒါပေမယ့် HBOကပဲ လွှင့်ခဲ့ပြီး တစ်ပိုင်းကို ဒေါ်လာဆယ်သန်း အကုန်ကျခံရိုက်ထားတဲ့ Rome စီးရီးကိုလဲ မေ့မထားသင့်ပါဘူး။ GOTလို‌ fantasyစီးရီးတော့ မဟုတ်ဘူး‌ပေါ့ဗျာ ။ ရောမခေတ် စစ်သမိုင်း နောက်ခံ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီး‌တော့ ဇာတ်အိမ်ခိုင်ခိုင်ကို big budgetသုံးရိုက်ထားတာမို့ ကြည့်ရတာ တန်လွန်းလှပါတယ်။ ရောမခေတ် လူနေမှုပုံစံ ၊ အဆောက်ဦး ၊ ဝတ်စားဆင်ယင်မှုပုံစံတွေကို သဘာဝကျစွာ မြင်ရမှာဖြစ်ပြီး ဒီစီးရီးမှာ သုံးတဲ့ ရောမစစ်သည်တော်တွေရဲ့ ချပ်ဝတ်တန်ဆာတွေကအစ အသေးစိတ်ဖန်တီးထားတဲ့ ဒီဇိုင်နာလက်ရာ handmadeတွေ ဖြစ်ပါတယ်။ အားလုံး ကြားဖူးနားဝရှိပြီးသား ရောမခေတ်က စစ်ပြိုင် ရန်သူကြီးတွေ ဖြစ်ခဲ့ကြတဲ့ ဂျူးလိယက် ဆီဇာ နဲ့ ပွမ်ပေ မက်ဂနပ်စ်တို့ ရောမရဲ့ ပုလ္လင်ကို လုကြတဲ့အကြောင်းကိုပဲ ရိုက်ထားတာဖြစ်ပေမယ့်၊ ဒီစီးရီးမှာတော့ ဂျူးလိယက်ဆီဇာရဲ့ သာမန် တပ်သား‌လေး နှစ်ယောက်ဖြစ်တဲ့ တိုင်တပ်စ် ပူလိုနဲ့ လူစီးယပ်စ် ဗိုရီနပ်စ် တို့နှစ်ယောက်၊ ရောမနိူင်ငံကနေ ရောမနေမဝင်အင်ပါယာကြီးကို ဖော်ဆောင်ချိန်မှာ မထင်မှတ်ပဲ သမိုင်းရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သွားခဲ့ကြပုံကို မြင်ကြရမှာပါ။ IMDb 8.7နဲ့ Rt 86 ဆိုတော့ မိုးထိနေတဲ့ ratingတွေရထားတဲ့ စီးရီးပဲ ဖြစ်ပါတယ်။ အဖော်ချွတ်တွေ၊ နှစ်ပါးသွားခန်းတွေ စိပ်တာမို့ မိသားစုနဲ့ မကြည့်ပဲ ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် R ratedစီးရီးဆိုတာကိုလဲ သတိပေးလိုက်ပါတယ်။