-
Movie Name
-
Queen (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SE0295
-
Type
-
Series
-
Size
-
1.46 GB
-
Country
-
Hollywood
-
Description
-
IMDb Rating – 7.0/10
(၄)ပိုင်းတည်းနဲ့ အနှစ်ရှိတဲ့ IMDb rating 7.0 ရရှိထားတဲ့ Netflix mini
စီးရီးတစ်ခုလာပါပြီ။
တစ်ခါက ပြင်သစ်ရဲ့ အချစ်မြို့တော် ပါရီမှာ အမျိုးသားတစ်ဦးဟာ Identity
နှစ်ခုနဲ့ နေထိုင်သတဲ့။ ဖက်ရှင်ထွန်းကားရာ ဒီမြို့မှာ သူ့ဟာ ဆေလ်ဗီစတာဆိုတဲ့
နာမည်ကြီး အပ်ချုပ်သမားတစ်ယောက် ဖြစ်သလို လိုရီတာဆိုတဲ့ အောင်မြင်တဲ့
Drag Queen ဆိုတာလဲ သူပါပဲ။ တစ်နေ့မှာ သူဟာ သမီးဖြစ်သူရဲ့ ကျန်းမာရေး
ကြောင့် သူ့ရဲ့ မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လည်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
ငယ်စဉ်ကတိုင် မိသားစုကို ပစ်သွားတာကတစ်ကြောင်း၊ Drag Queen ဖြစ်နေခြင်းက
တစ်ကြောင်း ပိုလန်ပြန်ရောက်လာတဲ့ အဖိုးကြီးခမျာ သမီးကရော မြေးကပါ
ဝိုင်းကျဉ်ခြင်းကို ခံရပါတယ်။ တစ်နေ့မှာ ငလျင်တစ်ခုကြောင့် သူတို့မြို့က သတ္တု
တွင်းတစ်ခုပြိုကျပြီးအလုပ်သမားတွေ သေဆုံး၊ ကျန်ရစ်တဲ့ မိသားစုတွေမှာ ဒုက္ခ
ရောက်ကုန်ကြပါတယ်။
ဒီအဖြစ်ဆိုးနဲ့ စပ်လျဉ်းပြီး ရပ်ရွာအရေး ကြိုးပမ်းချင်တဲ့ သမီးဖြစ်သူ ဝီရိုလာကို
ဘေးကနေ အထောက်အပံ့အကူအညီတွေ ပေးရင်း ဆေလ်ဗီတာတစ်ယောက်
မိသားစုနဲ့ ပြန်လည်ရင်းနှီးခွင့်ရအောင် ကြိုးပမ်းပုံတွေနဲ့အတူ၊ LGBT တွေဟာလည်း
လူထဲက လူဖြစ်ကြောင်း…. အများနည်းတူ ဖေးဖကူညီတတ်ကြောင်းတွေကို
မီးမောင်းထိုး ရိုက်ကူးတင်ဆက်ပြထားပါတယ်။