-
Movie Name
-
The Defenders (2017)
-
Year
-
2017
-
Generes
-
Action, Adventure, Crime
-
Code
-
SE0296
-
Type
-
Series
-
Size
-
2.94 GB
-
Country
-
Hollywood
-
Description
-
အပိုင်း ( ၁ မှ ၈ ) အထိ စ/ဆုံး
ဒီစီးရီးကတော့ အရင် Netflix ကနေ ပြသခဲ့တဲ့ Marvel ရဲ့
စူပါဟီးရိုး လေးယောက်ကို စုစည်းပြီး တင်ဆက်ထားတာပါ။
Daredevil, Jessica Jones. Luke Cage နဲ့ Iron Fist တို့ ပါဝင်ပါတယ်။
အရင်စီးရီးလေးခုထဲမှာ ဂျက်စီကာ ဂျုန်းစ်ကလွဲပြီး ကျန်တဲ့ ၃ ခုလုံးတင်ပေးပြီးပါပြီ။
JJ ကိုတော့ သိပ်မကြိုက်တာရယ် ဘာသာပြန်မယ့်သူမရှိတာရယ်ကြောင့် မတင်ဖြစ်ပါဘူး။
၄ ယောက်လုံးအကြောင်းကိုတော့ မိတ်ဆက်အနေနဲ့ ရေးပေးထားပါတယ်။
Marvel ရဲ့ Time Line အရဆိုရင် Daredevil Season 1/2 ပြီးတဲ့နောက်မှာ
ဆက်လက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဆိုရင်လည်းမမှားပါဘူး..
Daredevil ဆိုတာကတော့ မတ် မားဒေါ့ခ်ဆိုတဲ့ ရှေ့နေပါ။
သူကတော့ ကလေးဘဝမှာ လူတစ်ယောက်ကို ကူညီရင်း ဓာတုဆေးရည်တွေ မျက်စိထဲဝင်သွားပြီ
အမြင်ကွယ်သွားခဲ့တာပါ။ ဒါပေမယ့် အခြားအာရုံခံနိုင်စွမ်းတွေ
အရမ်းထက်မြက်လာတဲ့အပြင် လျို့ဝှက်ဂိုဏ်းဝင်တစ်ဦးရဲ့
လေ့ကျင့်ပေးမှုကြောင့် အစွမ်းထက်လာခဲ့တာပါ။
သူ့အကြောင်း စီစန် ၃ ခု ထွက်ရှိထားပြီး CM မှာလည်း တင်ထားပြီးပါပြီ…
Punisher နဲ့ Electra တို့လည်း ပါဝင်ထားပါတယ်။
The Hand အဖွဲ့က မဒမ် ဂေါင် နဲ့ နိုဘူးတို့ နဲ့ ရင်ဆိုင်ဖူးထားပါတယ်။
Luke Cage ကတော့ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဘာနဲ့မှ
တိုးမပေါက်တဲ့အရေပြားနဲ့ စွမ်းအားရှင်အဆင့် ခွန်အားရလာတာပါ။
စီစန် ၁ မှာတော့ ဟာလမ်မြို့နယ်က ဒုစရိုက်သမားတွေကို
နှိမ်နင်းပြီး ထောင်ထဲဝင်သွားပါတယ်။
ဂျက်စီကာ ဂျုန်းစ်ကလည်း စမ်းသပ်မှုတစ်ခုကနေ စွမ်းအားရှင်အဆင့်
ခွန်အားပိုင်ဆိုင်ထားပြီး အင်မတန်တော်တဲ့ အလွတ်စုံထောက်ပါ။
စီစန် ၁ မှာတော့ စကားနဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့
ဗီလိန် ကေးဂရေးဗ် ကိုနှိမ်နင်းပြီး အဆုံးသတ်ထားပါတယ်။
Iron Fist ကတော့ လေယာဉ်ပျက်ကျရာကနေ ခွန်လွန်ဆိုတဲ့
ရှေးဟောင်းနေရာတစ်ခုကိုရောက်သွားပြီ သိုင်းပညာတွေ တတ်လာတာပါ။
သူကတော့ The Hand အဖွဲ့ရဲ့ အကြီးဆုံးရန်သူဖြစ်ပြီး
အဲဒီအဖွဲ့ထဲက မဒမ်ဂေါင်၊ ဘကူတို တို့နဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ဒီစီးရီးအကျဉ်းကတော့ The Hand အဖွဲ့ရဲ့ ခေါင်းဆောင်အားလုံးဟာ
နယူးယောက်မြို့ကြီးတစ်ခုလုံးကို ပျက်ဆီးသွားစေလောက်တဲ့
သူတို့ရဲ့နောက်ဆုံး အကြံအစည်ကို အကောင်အထည်ဖော်မယ့်အချိန်၊
defenders ၄ ယောက်ကလည်း သူတို့နည်းသူတို့ဟန်နဲ့
သဲလွန်စတွေကိုလိုက်ရင်း အထင်တွေလွဲရင်း တိုက်ခိုက်မိရင်း
ပူးပေါင်းမိပြီး The Hand တွေနဲ့ Defenders တွေရဲ့ စစ်ပွဲကြီးဖြစ်ပေါ်လာတဲ့အခါ….