-
Movie Name
-
Glasshouse (2022)
-
Year
-
2022
-
Generes
-
Drama, Sci-Fi, Thriller
-
Code
-
EN1403
-
Type
-
Movie
-
Size
-
661 MB
-
Country
-
Hollywood
-
Description
-
ဖန်လုံအိမ်အာနိသင် Glass house effectဆိုတာကို ၈တန်း ၉သန်းသိပ္ပံမှာထဲက ကြားဖူးကြမှာပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာတော့ အနာဂတ်လွန်ကာလတစ်ခုမှာ ကမ္ဘာကြီးမှာကပ်ရောဂါတစ်ခုဆိုက်ကပ်ခဲ့ပါတယ် အဲ့ဒါကတော့ တခါမှစိတ်တောင်မကူးဖူးတဲ့ ကပ်ရောဂါတစ်ခုပါပဲ
အဲ့ဒါကတော့ရှူရှိုက်လိုက်တာနဲမှတ်ဉာဏ်တွေကိုပျက်စီးပြန့်ကျဲသွားစေတဲ့ The Shredလို့ ခေါ်တဲ့အဆိပ်တမျိုးပါ အဆိပ်က လေထုတစ်ခုလုံးမှာ ပြန့်နှံ့နေတာကြောင့် ကမ္ဘာလူအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပါတော့တယ် အဲ့ဒီလိုကပ်ဘေးဆိုက်နေချိန်မှာ အဆိပ်ကလက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျေးလက်နေမိသားစုလေးတစ်စုရှိပါတယ် ဒီမိသားစုက ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ လေမဝင်အောင် သူတို့တည်ဆောက်ထားတဲ့ဖန်လုံအိမ်ကြီးမျိုးထဲမှာနေကြပါတယ်သူတို့ရဲ့စခန်းထဲကိုဘယ်သူ့ကိုမှလည်းအဝင်မခံပါဘူး
ဒါပေမဲ့ငယ်ငယ်တုန်းက သူတို့အိမ်ကနေထွက်သွားတဲ့ လူကာဆိုတဲ့အကိုကြီးကို အမေကြီးနဲ့မောင်နှမတွေကမျှော်နေခဲ့ပါတယ် တနေ့မှာစခန်းနားမှာဒဏ်ရာရလူတစ်ယောက်ကို ဘီး ကကယ်တင်ခဲ့ပါတယ် သူတို့မမှတ်မိနိုင်တော့တဲ့ သူတို့ထင်မိသလို သူတို့ရဲ့တစ်ချိန်ကထွက်သွားတဲ့အကိုကြီးက တကယ်ပဲအဲ့ဒီလူဖြစ်နေမလား အဲ့ဒီလူရဲ့သရုပ်မှန်ကရော ဘယ်သူလဲ မောင်နှမမေတ္တာ ၅၂၈ နဲ့ အချစ် ၁၅၀၀တို့ရောထွေးမိပုံကို ဖော်ပြထားတာကြောင့် ကြည့်ရှုသင့်တဲ့Dramaကားကောင်းပါ ဒါပေမဲ့ Incest 18+sceneတွေပါတာကြောင့် မိသားစုနဲ့တော့မကြည့်ရှုဖို့အကြံပေးပါရစေ