Movie Name
Naam Shabana [2017]
Year
2017
Generes
Action
Code
IND0434
Type
Movie
Size
1 GB
Country
Bollywood
Description
2015 တုန်းကထွက်ခဲ့တဲ့ Baby ဇာတ်ကားရဲ့ Spin-off movieပါ။ ယုတ္တိရှိရှိရိုက်ထားတဲ့အက်ရှင်ကားပါ။ ဘောလိဝုဒ်အသည်းစွဲမင်းသား Akshay Kumar လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Baby ဇာတ်ကားရဲ့ Back story ပါ။ Baby mission မတိုင်ခင်က အေးဂျင့်မလေး ရှဘနားရဲ့ဘဝအကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ခက်ထန်ကြမ်းတမ်းလှတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ရှဘနားဆိုတဲ့မိန်းကလေးက သူ့ရဲ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုကင်းမဲ့စွာ မရယ်မပြုံးပဲနေနေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ချစ်ခွင့်ပန်လာတဲ့အခါမှာတော့ ရှဘနားရဲ့မရယ်မပြုံးဘဲခက်ထန်နေရတဲ့ အကြောင်းအရင်းကိုမမျှော်လင့်ပဲသိလိုက်ရပါတော့တယ်။ သူငယ်ချင်းကောင်လေးကဖွင့်ပြောလိုက်ပြီးတဲ့အချိန်မှာ သူ့ဘဝရဲ့ပျော်ရွှင်စရာအလင်းရောင်ကိုသူမြင်တွေ့လိုက်ရပါတယ်။ အပြန်လမ်းမှာ သူ့ရဲ့ဘဝကိုအလင်းပေးမယ့်ချစ်သူအသတ်ခံလိုက်ရတဲ့အခါမှာတော့ ရှဘနားရဲ့စိတ်ဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ ဇာတ်လမ်းဇာတ်ကွက်တည်ဆောက်ထားပုံလည်းတော်တော်လေးကောင်းပါတယ်။ နောက်ထပ် Babyဇာတ်ကားရဲ့Spin-off movieတွေ ထပ်ထွက်စေချင်လောက်အောင်ကိုကောင်းတာပါ။ အများကြီးညွှန်းနေရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ဇာတ်ကားကိုသာခံစားရင်းကြည့်လိုက်ကြပါ။ ဘောလိဝုဒ်ပေါကားအက်ရှင်အပိုကားတွေထက်ပိုကောင်းတဲ့ဇာတ်ကားတစ်ကားမို့ ပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲ