-
Movie Name
-
Krrish 2 (2006)
-
Year
-
2006
-
Generes
-
Action, Sci-Fi
-
Code
-
00151
-
Type
-
Movie
-
Size
-
1.34 GB
-
Country
-
Bollywood
-
Description
-
IMDb (6.3/10)….Rotten Tomatoes(100%)မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံး၀ လူစွမ်းကောင်း ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့ ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။