Movie Name
Jinxed At First (2022)
Year
2022
Generes
Comedy, Romance
Code
SKR0690
Type
Series
Size
5.33 GB
Country
Korea
Description
1-16 Completed ဒရမ်မာစီးရီးအလောင်တွေကြား ဆန်းဆန်းပြားပြားလေးနဲ့ ရိုမန့်စ်ကားကိုကြည့်ချင်ကြသူတွေအတွက် အခုတင်ဆက်ပေးလိုက်တဲ့ကားလေးကတော့ Jinxed at first ဆိုတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ အမြဲတမ်းကံဆိုးခြင်းတွေကိုပဲ ကြုံရလေ့ရှိတဲ့ ငါးဆိုင်ကကောင်လေးGong Soo Gwang ဟာ ချစ်စရာကောင်မလေးတစ်ယောက်နဲ့ ခဏတာဆုံပြီးနောက်မှာ ဘဝမှာ ထူးခြားတဲ့အရာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ သူနဲ့တွေ့ခဲ့ရသူလေးကတော့ လူတစ်ဦးကိုထိမိလိုက်တာနဲ့ အဲ့လူရဲ့အနာဂါတ်ကိုကြိုသိနိုင်တဲ့ကောင်မလေး Lee Seul biပဲဖြစ်ပါတယ်။ ကံကောင်းခြင်းနတ်ဘုရားမလေးတစ်ပါး ဘဝထဲကို ဝင်လာပြီး ထူးဆန်းတဲ့အရာတွေခံစားခဲ့ရတဲ့ Gong Soo Gwang တစ်ယောက် ၇နှစ်အကြာ Lee Seul Bi နဲ့ ပြန်လည်ဆုံတွေ့ရာမှာတော့ ဘယ်လိုထူးဆန်းမှုတွေကို ဆက်ရင်ဆိုင်ရဦးမလဲ ၇နှစ်တာကာလပတ်လုံး Lee Seul Bi တစ်ယောက် ဘယ်တွေရောက်နေခဲ့တာလဲ သူတိုနှစ်ယောက်ကြုံတွေ့ရမှာက ကံကောင်းခြင်းတွေလား ကံဆိုးခြင်းတွေလား…. စတာတွေကို ဂျွန်လရဲ့မိုးအေးအေးကြား အချစ်ဇာတ်လမ်းလေးရောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပရိသတ်အသည်းစွဲ Seo Hyun လေးနဲ့ Mr.Queen က သနားခဲ့ရတဲ့ ကျန်ရစ်လေး Na In Woo တိုရဲ့ Chemistry ကလည်းတော်တော်လေးမိနေတာမို ရိုချင်သူတို လက်လွှတ်မခံသင့်တဲ့ကားလေးလိုညွှန်းဆိုလိုက်ပါတယ်နော်