-
Movie Name
-
Paper Girls (2022)
-
Year
-
2022
-
Generes
-
Adventure, Drama, Sci-Fi
-
Code
-
SE0298
-
Type
-
Series
-
Size
-
4.76 GB
-
Country
-
Hollywood
-
Description
-
1-8 Complete
နာမည်တူ Mystery/Sci-Fi Comic ဖြစ်တဲ့ Paper Girls ကို ဇာတ်လမ်းတွဲအဖြစ် ပြန်ရိုက်ကူးထားတာပါ။ ရဗျူးတွေကတော့ Stranger Things, Yellowjackets နဲ့ Black Mirror သုံးကားလုံးရဲ့ အရသာကိုပေးထားတယ်ဆိုပါတယ်။ ကျွန်တော်လည်းစစကြည့်ချင်းမှာ STနဲ့ နည်းနည်းဆင်နေသလိုလို ထင်လိုက်ပါသေးတယ်။ ကလေးတစ်အုပ် တိုင်ပတ်နေတာရော၊ ကောင်းကင်အနီကြီးရော၊ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေရော အပိုင်းတစ်မှာ မြင်နေရတာကိုး။
Thriller စီးရီးလို့ ပြောရမယ့် စီးရီးဆိုတော့ စစချင်းမှာ သတင်းစာပို့တဲ့ကလေးမတွေက ညဘက်ကြီး သတင်းစာပို့ရင်း လမ်းသရဲတွေနှောင့်ယှက်ခံရတဲ့ ဇာတ်ကွက်တွေပြပြီး ရင်တထိတ်ထိတ်ဖြစ်အောင်လုပ်ထားတယ်။ ပြီးကျ သူတို့ကို ရန်ပြုတဲ့သူတွေနောက်လိုက်ပြီး ပြန်ချဖို့သွားရာက ပြန်ထွက်လာတော့ ကောင်းကင်ကြီးနီရဲပြီး လူတွေအကုန်ပျောက်သွားတယ်။ အဲဒီမှာ သူတို့ကလွဲ ဘယ်လူမှမရှိကြတော့ဘူး။
ဒီလိုနဲ့ အိမ်တစ်အိမ်ထဲပုန်းရင်း သူတို့ထဲကတစ်ယောက်ကို သူတို့သေနတ်နဲ့ပစ်မိသွားကြတယ်။ အဲဒီတစ်ယောက်ကိုကယ်ဖို့ ဆေးရုံသွားရင်း လမ်းမှာ အဖမ်းခံရပြီး ဘယ်မှန်းမသိတဲ့နေရာတစ်နေရာရောက်သွားကြတယ်။ နောက်မှသိလိုက်ရတာက သူတို့ရောက်သွားတာက အနာဂတ်ဖြစ်နေပြီး အနာဂတ်က သူတို့ကိုယ်သူတို့နဲ့ပါပြန်ဆုံလာရတယ်။ အဲဒီအနာဂတ်ကလူအကူအညီယူပြီး အတိတ်ကိုပြန်သွားဖို့ကြိုးစားရာကနေ အချိန်ခရီးသွားတာကို တားမြစ်တဲ့အဖွဲ့နဲ့ အချိန်ခရီးသွားပြီး အတိတ်က ဖြစ်ရပ်ဆိုးတွေကို ပြင်ချင်တဲ့အဖွဲ့ကြား ကြားညပ်သွားခဲ့တယ်။ အနာဂတ်က အသက်ကြီးသွားတဲ့ သူတို့ကလည်း သူတို့ဖြစ်ချင်သလိုဟုတ်မနေတာတွေလည်း တွေ့လိုက်ရတယ်။
တစ်ပိုင်းမှာ တစ်မျိုးဆိုသလို ခပ်ဆန်းဆန်းဖြစ်ရပ်တွေ ဇာတ်လမ်းတွေကို ထည့်သွင်းထားတဲ့ ဒီစီးရီးဟာ Stranger Things တို့လို အကောင်းဆုံးစီးရီးမျိုးတွေမဟုတ်ပေမဲ့ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့စီးရီးပါပဲ။ ကလေးတစ်အုပ်တိုင်ပတ်တဲ့ စီးရီးပေမဲ့ ခပ်ကြမ်းကြမ်းတွေလည်း ပါတာမို့ ကလေးစီးရီးလို့တော့ မထင်စေချင်ဘူး။ ရင်တထိတ်ထိတ်ကိုမှ ထူးခြားဆန်းပြားတွေ တိုးတိုးလာတာကို မြင်ရမယ့်စီးရီးပါပဲ။
နောက်ပိုင်းမှာဆို ထရန်စဖော်မာထဲကလို စက်ရုပ်ကြီးတွေ Pacific Rim လို စက်ရုပ်မောင်းတာတွေပါ ပါလာပါပြီ။ တကယ့် သောက်ဆန်းကြီးတွေ အများကြီးနဲ့ ဇာတ်လမ်းတွဲတွေကိုမှ သဘောကျတတ်ရင်တော့ ဒီစီးရီးဟာ ခင်ဗျားအတွက်ပါပဲ။