Movie Name
ကျွန်တော်ချစ်ရတဲ့ဒီဇိုင်နာမလေး (Por Pla Lai) (2018)
Year
2018
Generes
Comedy, Romance
Code
ST0595
Type
Series
Size
13.3 GB
Country
Thai
Description
1-22 Complete ခန် အဖြစ် Film Rattapoom Toekongsap အမ် အဖြစ် Jean Gaewalin Sriwanna ဇာတ်လမ်းအကျဉ်း ရုပ်ရည်ချောမောသလို တော်ဝင်မျိုးနွယ်လဲဖြစ် နိုင်ငံရဲ့အချမ်းသာဆုံးသူဌေးကြီးတစ်ဦးရဲ့သားလဲဖြစ်တဲ့အပြင် မိန်းမလှလေးတွေကြွေအောင်ပြောဆိုဆွဲဆောင်တတ်တာကြောင့် မိန်းကလေးတွေဝိုင်းဝိုင်းလည်နေတဲ့ လူရှုပ်လူပွေလူလည် "ခန်" သူဌေးမကြီးတစ်ဦးရဲ့သမီးဖြစ်ပြီး နိုင်ငံခြားမှာ ဒီဇိုင်နာပညာသင်ယူပြီးနောက် ထိုင်းနိုင်ငံမှာပဲ ကိုယ်ပိုင် brand ထုတ်ဖို့ပြန်လာတဲ့ ရိုးသားတည်ငြိမ်တဲ့ ဒီဇိုင်နာမလေး "အမ်" သူငယ်ချင်းတွေနဲ့အတူ ကလပ်မှာရှိနေချိန်မှာ အမ်တစ်ယောက် ခန်နဲ့သူ့ရည်းစား နာမည်ကြီးမင်းသမီးချာချာတို့နှစ်ဦးနဲ့ မတော်တဆ ဆုံခဲ့ကြပါတယ်။ နောက်တစ်နေ့ အမ်ဟာကုန်ပစ္စည်းမိတ်ဆက်ပွဲတစ်ခုမှာ ခန်နဲ့သူ့ရဲ့နောက်ရည်းစား Hi-so သူဌေးသမီး "ဖရောင်" ကိုတွဲလျှက်ထပ်ပြီးတွေ့လိုက်ရပြန်ပါတယ်။ ခန်ရဲ့ရှုပ်ပွေလွန်းတဲ့အပြုအမူတွေကြောင့် အမ်ဟာ ခန့်ကို ယောကျားပိုင်းလုံးတစ်ယောက်လို့ထင်ခဲ့ပါတယ်။ ဒီလိုနဲ့ မိန်းကလေးနှစ်ယောက်ကိုတစ်ပြိုင်ထဲတွဲနေတဲ့ ခန့်ကိုပညာပေးဖို့ ခန်နဲ့ချာချာတို့နမ်းနေကြတဲ့ပုံကို ဖရောင့်ကိုပြခဲ့ပါတယ်။ ဒီလိုနဲ့ဖရောင်နဲ့ချာချာတို့ဟာ ကုန်ပစ္စည်းမိတ်ဆက်ပွဲကြီးမှာ လူသိရှင်ကြားရန်ဖြစ်ခဲ့ကြပြီး ခန်တစ်ယောက်လဲ သူ့အဖေရဲ့ဆူပူကြိမ်းမောင်းခြင်းကိုခံလိုက်ရပါတယ်။ ဒါကိုမကျေနပ်တဲ့ ခန်က အမ် သူ့ကိုချစ်လာအောင်လုပ်ပြီး နောက်ဆုံးမှ အမ့်ကိုအသည်းခွဲဖို့အကြံနဲ့ "ချစ်လာအောင်လုပ်မယ့်စစ်ဆင်ရေး"ကိုစတင်ခဲ့ပါတယ်။ ခန့်ကိုယောကျားပိုင်းလုံးဆိုပြီး အထင်သေးရွံမုန်းနေတဲ့ အမ်ရဲ့နှလုံးသားကို ခန်တစ်ယောက် အရယူနိုင်ပါ့မလား.....? နောက်ဆုံးမှာ ဘယ်သူကဘယ်သူ့ကိုအရင်ချစ်မိသွားမလဲ.....? သူတို့နှစ်ဦးရဲ့မာနပြိုင်ပွဲမှာ နောက်ဆုံးအနိုင်ရသူက ဘယ်သူဖြစ်မလဲ.....? ဆိုတာ စိတ်ဝင်စားဖွယ် ရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမယ့် အချစ်ဟာသ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။