Movie Name
Kuch Kuch Hota Hai(1998)
Year
1998
Generes
Comedy, Drama
Code
00153
Type
Movie
Size
1.16 GB
Country
Bollywood
Description
မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုထားရတယ် မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲသမီးအတွက်ကျန်ခဲ့တယ် တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေး ကျတဲ့ခေါင်းစဉ်က “အမေ” တဲ့ ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ် ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက ” အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့”စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘဝတုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောကျ်ားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပျင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားရှာကောင်မလေးရဲ့နာမည်က ” အန်ဂျလီ”တဲ့ ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလား ဖခင်အဖြစ် သရုပ်ဆောင်တဲ့ရှာရွတ်ခန်းကရော ဘယ်လိုရှေ့ဆက်သွားမလဲ…. နောက်ဆုံးမှာ ရှာရွတ်ခန်း ကာဂျိုးနဲ့ ရာနီမူခါဂျီတို့ကအဓိကသရုပ်ဆောင်ထားပြီး ဆာလ်မန်ခန်းကတော့ ဇာတ်ပို့အနေနဲ့အားဖြည့်ပေးထားပါတယ် ယခုဇတ်ကားက ကြာတော့ကြာခဲ့ပါပြီ သို့ပေမဲ့ နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲ ကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း………. (အညွှန်းရေးသူကတော့ Phyo Pyae ဖြစ်ပြီး ဘာသာပြန်သူကတော့ Moe Zin ပဲဖြစ်ပါတယ်)