Movie Name
အရောင်သွေးစုံလင်တဲ့အချစ် (Look Mai Lark See) (2013)
Year
2013
Generes
Drama, Romance
Code
ST0596
Type
Series
Size
19.6 GB
Country
Thai
Description
1-20 Complete Cast ချနွတ်ချွန်းအဖြစ် Tonon Wongboon စုသာဖန်းအဖြစ် Baifern Pimchanok ထီရဒွန်အဖြစ် Mik thongraya နစ်ကီအဖြစ Stephanie Lerce ဇာတ်လမ်းအကျဉ်း မိခင်၏အချစ်ကို ငတ်မွတ်နေသူ ချနွတ်ချွန်း (Tonon)…. အသက်ငယ်ငယ်လေးထဲက သူ၏အဖေနဲ့အမေဟာ လမ်းခွဲခဲ့ကြပြီး မိခင်ဖြစ်သူက သားကိုချစ်တဲ့စိတ်ထပ် မာနကို ရှေ့တန်းတင်ကာ ခေါ်ယူမွေးစားခဲ့ပါတယ် သူမွေးလာထဲက မိခင်ဖြစ်သူဆီမှ "ကံဆိုးစေတဲ့သား"ဘာပဲလုပ်လုပ် အမှားချည်းပဲဆိုတဲ့ အပြစ်တင်စကားသံတွေကြားထဲ ကြီးပြင်းခဲ့လာရပါတယ် ညီလေး(မအေတူအဖေကွဲ)ဖြစ်သူနှင့် ခွဲခြားဆက်ဆံခံရပြီး မိခင်ဆီမှ မမျှတသောဆုံးဖြတ်မှုတွေသာရရှိခဲ့ပါတယ် လှောင်အိမ်ထဲက ငှက်ငယ်လေးစုသာဖန်း(Baifern)…. သူမဟာ လွတ်လပ်တဲ့ဘဝကိုတောင့်တတယ် အများကို သူငယ်ချင်းတွေကို အကူညီပေးချင်တယ် ညီမလေးဖြစ်သူကို ဦးစားပေးသောသူ ဘယ်အရာမဆို ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ ဘဝကိုဖြတ်သန်းချင်သောသူပါ သို့ပေမယ့်လဲ ဖခင်၏ ချုပ်ချယ်ခြင်းကိုခံရပြီး ထားရာနေစေရာသွားရတဲ့သူပဲဖြစ်ပါတယ် စုသာဖန်းတွင် သူငယ်ချင်းနှစ်ဦးရှိပြီး ထိုသူတို့မှာ ထီရဒွန်(Mik)နဲ့ နစ်ကီ(Stephanie )တို့ဖြစ်ကြပါတယ်။ နစ်ကီ(Stephanie )ဟာ မိတဆိုးတစ်ဦးဖြစ်ပြီး ဖခင်မှာလဲ အလုပ်ကိုအမြဲဦးစားပေးပြီး သမီးအတွက်အချိန်မပေးနိုင်ပါ။ စိတ်အလိုလိုက်ပြီး မောက်မာတဲ့မမလေးဖြစ်ပါတယ်။ သူမတို့အိမ်က အိမ်ဖော်အန်တီရဲ့သားဖြစ်သူ ထီရဒွန်(Mik)ကို အမြဲ ဗိုလ်ကျ အနိုင်ကျင့်သူပါ။ ထီရဒွန်း(Mik)နှင့် ချွန်း(Tonon)တို့ဟာလဲ ကျောင်းရဲ့ တီးဝိုင်းအဖွဲ့ဝင် သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ထီ(Mik)ဟာ သာ(Baifern)ကိုတိတ်တခိုးချစ်နေသူပါ နစ်ကီ(Stephanie )လဲ ချွန်းကိုတစ်ဖက်သတ်ချစ်နေပါတယ် ထီရဒွန်ကြောင့် သာနှင့်ချွန်းတို့ ရင်းနှီးသွားကြပြီး မသိစိတ်ထဲ အချစ်တွေပေါက်ဖွားလာတဲ့အခါ အချစ်နဲ့သူငယ်ချင်းသံယောစဉ်ကြား ဝေခွဲရခက်မှုတွေစတင်လာကြပါတယ် …. ထိုလေးပွင့်ဆိုင်အချစ်တွေရှုပ်ထွေးနေချိန်မှာ ချွန်းနဲ့သာတို့ရဲ့ ညီလေးနဲ့ညီမလေးတို့ကပါ ဝင်ရှုပ်လာကြတဲ့အခါ….. ထိုဝေခွဲမှုတွေ၊ ဦးစားပေးချင်မှုတွေကြားမှာ သူတို့နှစ်ဦးရဲ့အချစ်တွေဟာ ပြီးပြည့်စုံနိုင်ပါ့မလား??? ဘဝပေးအခြေနေမတူညီမှုရဲ့ကြားမှာ ဘယ်အရာတွေက သူတို့တွေရဲ့ဘဝကို အရောင်ဆိုးသွားစေမလဲ?? အချစ်ရေးရာ အရှုပ်ထွေးတင်မဟုတ်ပဲ လူငယ်သဘာဝ ဖြစ်လေ့ဖြစ်ထရှိသောပြဿနာများနှင့် မိဘနှင့်သားသမီးကြား လွဲမှားနေသော အယူအဆများစွာကို ဖော်ကျူးတဲ့ကားပဲဖြစ်ပါတယ်။ အရမ်းလောင်ရတဲ့ အမွှာကားလေးတွေကြည့်ပြီးကြပြီဆိုတော့ ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးလဲဖြစ်တယ်၊ လူငယ်လဲဆန်တယ် ဇာတ်လမ်းဇာတ်အိမ်လေးလဲခိုင်မာတဲ့ ဒီကားလေးကိုကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင့်