Movie Name
To Be A Brave One (အချစ်ခွန်အား ပေးသနားပါ) (2022)
Year
2022
Generes
Drama, Romance
Code
SC0556
Type
Series
Size
9.31 GB
Country
China
Description
1-36 Complete ဇာတ်လမ်းလေးကတော့ အရိုတစ်လိုင်းပရိတ်သတ်‌တွေ အကြိုက်တွေ့စေမယ့် To be a brave one ဆိုတဲ့ကားလေးပဲ ဖြစ်ပါတယ် Casts တွေကိုပြောပြရမယ်ဆိုရင် Meteor Garden 2018 မှာ 2nd lead အဖြစ်ပါဝင်ခဲ့ပြီး လူကြိုက်များလာခဲ့တဲ့ Darren Chen က Shao Moli အဖြစ် Murder in the kairotei ထဲက မင်းသမီး Deng Jiajiaက An Yu အဖြစ်ပါဝင်ထားကြတာပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ ငယ်ငယ်ထဲက လိုလေသေးမရှိ Princess lifestyle နဲ့ နေလာခဲ့တဲ့ An Yu ရဲ့မိသားစုလေးဆီကို မထင်မှတ်ထားတဲ့ ကံကြမ္မာ အပြောင်းအလဲတစ်ခုကြောင့် သူမဘဝအတွက် အမည်းစက်အဖြစ် ထင်ကျန်နေ‌စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတော့တယ် သူမ ထောင်ကျပြီး ၄နှစ်အကြာမှာတော့ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ သူမဘဝထဲကို ငယ်ငယ်တုန်းက သိခဲ့ဖူးတဲ့ ကောင်လေး Shao Moli က အမှတ်မထင်ဝင်ရောက်လာခဲ့ပါတယ် Shao Moli ဟာအခုချိန်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီ စိတ်ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ An Yuကို Shao Moli က နွေးထွေးမှုတွေပေးရင်း ယုံကြည်ချက်တောင်ပံတွေကို ပြန်လည်ကုစားပေးရင်းနဲ့ပဲ တိတ်ဆိတ်နေတဲ့ ရင်ခုန်သံတွေကို တစ်ဖန်လှုပ်ခတ်လာအောင် လုပ်နိုင်မှာလား …. လွန်ခဲ့တဲ့၄နှစ်မှာ သူမဘဝကို အပြောင်းလဲကြီးဖြစ်သွားစေခဲ့တဲ့ အဖြစ်အပျက်ကရော ရိုးရှင်းရဲ့လား ဆိုတာကိုတော့ ရိုရိုလေးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် To be a brave one ဆိုတဲ့ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးမှာဖြစ်လို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်~~~