-
Movie Name
-
Warrior Bark Dong Soo (စစ်သည်တော်ဘတ်ဒုန်ဆူ)
-
Year
-
2011
-
Generes
-
Action, Historical, Romance
-
Code
-
SKR0040
-
Type
-
Series
-
Size
-
5.87 GB
-
Country
-
Korea
-
Description
-
Warrior Baek Dong Soo K2နဲ့ Yoo Seung Hoပါဝင်ထားတဲ့ အရမ်းနာမည်ကြီးတဲ့ကား💗 နှစ်ယောင်လုံးကဒိတ်ဒိတ်ကျဲမင်းသားတွေမို့ ဇာတ်လမ်းကောင်းမကောင်းပြောစရာမလိုပါဘူး မကြည့်ရသေးရင်ကြည့်လိုက်နော်😉 ဒီကားကအဓိကပြောချင်တာက သူငယ်ချင်းသံယောစဉ်ပါ အရမ်းချစ်တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ ကံကြမ္မာကို သေချာရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းတကားပါ စစ်သည်တော် ဘတ်ဒုန်ဆူ ️Warrior Baek Dong Soo ( မြန်မာစာတန်းထိုး)(အစ/အဆုံး) ______________________ ဇာတ်လမ်းအညွှန်း မန်ချူးများ ဒုတိယအကြိမ် ကျူးကျော်တိုက်ခိုက်ခြင်း ခံရအပြီး နှစ်ပေါင်းတစ်ရာကျော်ကြာပြီးနောက်..ဂျိုဆွန်း တိုင်းပြည်တွင် ဘုရင်ထက်ပိုပြီး.... နန်းတွင်းအမတ်များ အာဏာကြီးစိုးသောကာလတစ်ခုဖြစ်တယ်.ထိုအရာကို တွန်းလှန်ချင်နေသော..အိမ်ရှေ့စံမင်းသား ဆဒို... . အိမ်ရှေ့စံမင်းသားကိုကာကွယ်ရင်းအသတ်ခံလိုက် ရတဲ့ ဘတ်ဆဂန်... . ဘတ်ဆဂန်ရဲ့ကလေးပါ အသတ်ခံရမလိုဖြစ်လာတဲ့ အခါသူငယ်ချင်းဖြစ်သူဂင်ဂွမ်ထက်ဟာလက်တစ်ဖက်ကို အဆုံးရှုံးခံရင်း ဘတ်ဆဂန်ရဲ့ကလေးကို..ကယ်တင်နိုင်ခဲ့ ပေမယ့်မိခင်က.အလွယ်တကူ...မမွေးနိုင်ခဲ့သောကြောင့် အရိုးတည်ဆောက်ပုံတွေ ပျက်စီးခဲ့ရတယ် ... . ထိုကလေးလေးဟာ "ဘတ်ဒုန်ဆူ" ဆိုပြီး ဖြစ်လာခဲ့ တယ်... ######### တစ်ချိန်တည်းမှာပဲယိုချိုဆန်းဟာသေမင်းနိမိတ်ပါတဲ့ ကလေးကို..မွေးမိလို့ကလေးကိုသတ်ဖို့လုပ်ရင်းကပဲ ဇနီး ဖြစ်သူကို သတ်မိသွားတဲ့အခါမှာတော့.သေမင်းနိမိတ်နဲ့ ဖွားလာတဲ့ကလေးယိုဝမ်ဟူ၍.ဖြစ်လာတော့တယ်... ####### (၁၂) နှစ်ကြာပြီးနောက်.ထိုကလေးနှစ်ယောက်တွေ့ ဆုံကာ အတူတူ ကြီးပြင်းလာရင် အခင်ဆုံး..သူငယ်ချင်း တွေ..ဖြစ်လာတဲ့အခါ.. မတူညီတဲ့ လမ်းကြောင်းတွေကို လျှောက်လှမ်းရင်း..တူညီတဲ့ မိန်းကလေးတစ်ဦးကိုပဲ အ တူတူ ချစ်မိသွားတဲ့ အခါမှာတော့.. ကြားထဲကသွေးခွဲမှုတွေကြားက အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသံယောဇဉ်ဟာ.ခိုင်မြဲနေဦးမှာလား....??? . မတရားခံရမှုတွေနဲ့မွေးဖွားလာခဲ့ရတဲ့ ဘတ်ဒုန်ဆူက ရောသူ့အဖေရဲ့မတရားခံရမှုတွေကို ဖြေရှင်းနိုင်မှာလား . သေမင်းနိမိတ်နဲ့ မွေးဖွားလာတဲ့..ယိုဝမ်ကရော...တ ကယ်ပဲ..လူတွေရဲ့အသက်ကိုနှုတ်ယူမယ့် သေမင်းစစ် သည် တော်ဖြစ်လာမှာလား.. ဆိုတာကတော့.. . "စစ်သည်တော်ဘတ်ဒုန်ဆူ" ရဲ့..ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ... Rating (8.3)ထိရထားတဲ့ Action, Friendship, Historical, Material Arts, Romance ဇာတ်လမ်း အမျိုးအစားလေးပါ....