Movie Name
နွေဦးမှာမြူးတဲ့ကျေးလက်သံစဉ် (Morlam Summer) (2022)
Year
2022
Generes
Comedy, Drama, Romance
Code
ST0598
Type
Series
Size
11.4 GB
Country
Thai
Description
1-17 COMPLETE ဇာတ်လမ်းအကျဉ်း မော်လန်ဖင်ဖလိန်တီးဝိုင်းတည်ထောင်သူ အဖွားဒီယန်းရဲ့မြေးမလေး အန်နီဟာ အမိမြေမှာ ပြန်လည်အခြေချဖို့ ထိုင်းနိုင်ငံကိုပြန်ရောက်လာခဲ့ပါတယ်။ ကစ်တီကီး အသံသွင်းကုမ္ပဏီပိုင်ရှင်သူဌေး ဆတ်တရာက ညီမဖြစ်သူ ထတ်စနာကို လေဆိပ်မှာလာကြိုရင်း မထင်မှတ်ထားပဲ အန်နီနဲ့ဆုံတွေ့ပါတော့တယ်။ မော်လန်ဖင်ဖလိန်တီးဝိုင်းရဲ့ ပင်တိုင်အဆိုတော် အင်ထိရာဟာ ကားအက်ဆီးဒန့်ကြောင့် သီချင်းမဆိုနိုင်ဖြစ်နေချိန် အဖွားဒီယန်းက မြေးမလေးအန်နီကို အဆိုတော်အဖြစ်အစားထိုးရာမှ အန်နီတစ်ယောက် တဖြေးဖြေးနာမည်ရလာခဲ့ပါတယ်။ ဆတ်တရာက အန်နီ့ကို အဆိုတော်အဖြစ်စာချုပ်ချုပ်ရင်း အချိန်ကြာလာတဲ့အခါ အန်နီနဲ့ ဆတ်တရာတို့နှစ်ဦးကြားမှာ အချစ်တစ်ခုပေါက်ဖွားလာခဲ့ပါတယ်။ ဆတ်တရာရဲ့ရည်းစားဟောင်းတစ်ဖြစ်လဲ ဆယ်လ်တာအသံသွင်းကုမ္ပဏီလက်အောက်က နံပါတ် ၁ အဆိုတော် ဖရင်က အန်နီ့ကိုမနာလိုဖြစ်ရင်း ကုမ္ပဏီပိုင်ရှင် ခုမ်ကရစ်နဲ့ပေါင်းပြီး ဆတ်ရာရဲ့ကုမ္ပဏီနဲ့ အန်နီ့ကိုချောက်တွန်းဖို့ကြံစည်လာတဲ့အခါ…. ကြုံလာတဲ့အခက်အခဲတွေကို ဆတ်တရာနဲ့ အန်နီတို့ ဘယ်လိုရင်ဆိုင်ကြမလဲ ??? တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်ပေမဲ့ အနုပညာနယ်ပယ်ကလူတွေဖြစ်နေတဲ့အခါ ဆတ်တရာနဲ့ အန်နီတို့ရဲ့အချစ်ရေးက အဆုံးသတ်မှာ ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။