Movie Name
13 The Musical (2022)
Year
2022
Generes
Comedy, Drama, Thriller
Code
EN1442
Type
Movie
Size
1.01 GB
Country
Hollywood
Description
13: The Musical (2022) Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ … အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ … တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ 13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။