Movie Name
The Pogmentary Born Ready (2022)
Year
2022
Generes
Documentary
Code
SE0304
Type
Movie
Size
1.50 GB
Country
Hollywood
Description
အပိုင်း (၁ မှ ၅ ) အထိ စ/ဆုံး “ကျွန်တော်ပါဝင်တဲ့ ပရော့ဂျက်တစ်ခုအသင်းမှာဖြစ်စေချင်တာ.. ပြီးတော့ မန်ယူရဲ့ ဂန္တဝင်ကစားသမားလည်းဖြစ်ချင်တယ်.. ဒါပေမဲ့ လက်ရှိမှာတော့ မန်ယူမှာ ကျွန်တော့်အတွက် ပရော့ဂျက်ရှိပုံမရှိဘူး” ဂျူဗီကိုအလွတ်နဲ့ပြောင်းရွှေ့သွားတဲ့ ပေါ့ဘာဟာ အထက်ပါစကားလေးတစ်ခွန်းကိုပြောခဲ့ပါတယ်… တကယ်တော့ ပေါ့ဟာဟာ ကွင်းလယ်လူထဲမှာ ခြေစွမ်းမြင့် ကစားသမားစာရင်းထဲမှာပါတယ်ဆိုတာကို ထွေထူးတော့ပြောစရာလိုမယ်မထင်ပါဘူး.. အခု Documentary ထဲမှာတော့ သူ့ဘဝရဲ့ အရေးပါတဲ့ အသက် (၁၈)နှစ်အရွယ် မန်ယူကစားသမားဘဝက စလို့ လက်ရှိအချိန်ထိ အရေးကြီးဆုံးအပိုင်းတွေကိုရိုက်ပြထားပါတယ်… ဖာဂူဆန်ကြီးနဲ့ ရိုင်အိုလာတို့ ပေါ့ဘာ စာချုပ်ကိစ္စ အဆင်မပြေတဲ့ အကြောင်းတွေတောင်ပါ ပါတယ်… ဒါ့အပြင် ပေါ့ဘာရဲ့ အေးဂျင့် ရိုင်အိုလာရဲ့ ” ဒီလို စာချုပ်မျိုးကမ်းလှမ်းရင်တော့ ကျွန်တော့ ပေါ့ဘာကို လေ့ကျင့်ရေးကွင်းက မြက်တောင် ဖြတ်မနင်းခိုင်းဘူးဗျ” ” ဘယ်သူတွေဘာမြင်မြင် ကျွန်တော် ဂရုမစိုက်ဘူးဗျ… ဘုရားသခင်တောင် လူတိုင်းမချစ်လို့ ကားစင်တင်သတ်ကြတာပဲမလားဗျ” ဒီလိုအပြောတွေလည်းပါလေရဲ့… Amazon Prime ကရိုက်ကူးထားပြီး နောက်ခံ music ခပ်လန်းလန်းတွေနဲ့မို့ ဘောလုံးပရိတ်သတ်တွေကြည့်လို့ရအောင် တင်ပေးထားပါတယ်…