-
Movie Name
-
Under The Banner Of Heaven (2022)
-
Year
-
2022
-
Generes
-
Crime, Drama
-
Code
-
SE0307
-
Type
-
Series
-
Size
-
3.41 GB
-
Country
-
Hollywood
-
Description
-
1-7 Complete
Under The Banner of Heaven (2022)(Completed Limited Series)
~ IMDb – 8.9/10, RT – 75%, Meta – 83% ~
လက်ပေါက်အကပ်ဆုံး အမြင်ကပ်စရာအကောင်းဆုံး ကြောက်စရာအကောင်းဆုံးလူတွေကို ပြပါဆိုရင် ဘာသာရေးအစွန်းရောက်တွေကိုပြရမယ်ထင်တယ်။ ကမ္ဘာအရှည်ကြာဆုံး ခရူးဆိတ် စစ်ပွဲဆိုတာ ဘာသာရေးအစွန်းရောက်တွေကြောင့် ဖြစ်တာလို့ ပြောချင်ပါတယ်။
ဘာသာရေးအစွန်းရောက်တွေကြောင့် တခြားအယူဝါဒတွေ၊ သိပ္ပံပညာ၊ လွတ်လပ်တဲ့ အတွေးအခေါ်ဟာ မိစ္ဆာဒိဌိဖြစ်လာတယ်။ အယူဝါဒကွဲပြားမှုတွေကြောင့် ကောင်းကင်ဘုံရဲ့အလံတော်အောက်ကနေ တိုက်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကမ္ဘာပေါ်မှာ သွေးမြေကျခဲ့တဲ့ လူတွေ ဘယ်လောက်တောင်များနေပြီလဲ…
Under The Banner of Heaven က အဲဒီဇာတ်လမ်းတွေထဲက တစ်ပုဒ်ပါ။ ဖြစ်ရပ်မှန်ကို အခြေခံတဲ့ ဇာတ်လမ်းတွေကို ရေးတဲ့ စာရေးဆရာ Jon Krakauer ရဲ့ နာမည်တူ ဝတ္ထုကို ရုပ်ရှင် အဖြစ်ပြောင်းလဲ ရိုက်ကူးထားတာပါ။
The Amazing Spider-Man မင်းသား Andrew Garfield က ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
၁၉၈၄ ခုနှစ် ယူတားပြည်နယ်၊ အမေရိကန်ဖော့ခ်မြို့မှာ အသက် ၂၄ နှစ်အရွယ် ဘရန်ဒါ လတ်ဖာတီနဲ့ ၁၅ လအရွယ် သမီးဖြစ်သူ အယ်ရစ်ကာ တို့ အသတ်ခံတဲ့ အမှုအကြောင်းပါ။
လူမမယ်ကလေးလေးနဲ့ ခယ်မဖြစ်သူကို လူသတ်သမားနှစ်ယောက်က ဘယ်လိုယုံကြည်မှုတွေကြောင့် သတ်လိုက်တယ်… ဒီဇာတ်ကားမှာ အရေးအကြီးဆုံးဖြစ်တဲ့ Latter-Day Saint Movement (သို့) Mormonism အကြောင်း၊ ကိုယ်ကိုးကွယ်ယုံကြည်နေတဲ့ ဘာသာရေးကြောင့်ဖြစ်ရတဲ့ လူသတ်မှုကို ကိုင်တွယ်ရတဲ့ တာဝန်ခံစုံထောက်အကြောင်း စိတ်ဝင်စားစရာတွေ့လာရပါလိမ့်မယ်။