Movie Name
Through The Darkness (2022)
Year
2022
Generes
Crime, Thriller
Code
SKR0694
Type
Series
Size
4.08 GB
Country
Korea
Description
1-12 Complete မှုခင်းသည်းထိတ်ရင်ဖိုကားတွေကိုမှ ရင်တလှပ်လှပ်နဲ့ကြည့်ချင်သူ Through the darkness ဆိုတဲ့ ကိုရီးယားစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးကတော့ ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး profiler (မှုခင်းပုံဖော်သူ) အကြောင်းကိုရိုက်ကူးထားတာပါ။ ကိုရီးယားနိုင်ငံအဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ထိတ်လန့်ဖွယ်ရာ ကွင်းဆက်လူသတ်မှုရဲ့နောက်ကွယ်က လူသတ်သမားကို ရဲဌာနကမလိုက်နိုင်တဲ့အခါမှာတော့ အမေရိကန် FBI ရဲ့ Profile နည်းကို အသုံးချပြီး လူသတ်သမားကိုဖမ်းဖိုကြိုးစားကြပါတော့တယ်။ ဒီလိုProfile ကိုလေ့လာတဲ့နည်းနဲ့ လူသတ်သမားရဲ့ အတွင်းစိတ်ရိုင်းကို ပုံဖော်ပြီး အမှုလိုက်ကြမယ့်သူတွေကတော့ ကိုရီးယားရဲ့ပထမဆုံးမှုခင်းပုံဖော်သူ Song Ha-young အဖြစ် မြန်မာပရိသတ်နဲ့မစိမ်းတဲ့ ဒေါသကြီးတဲ့ဖာသာလေး Kim Nam gil မှုခင်းကောက်ကြောင်းလိုက်တဲ့ဌာနရဲ့ ဌာနမှူး Gook Young-soo အဖြစ် Jin Seon-kyu SMPA အဖွဲမှ စစ်ဆေးရေးအဖွဲမှူး Yoon Tae-goo အဖြစ် Kim So-jin တိုက ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုကြည့်ရင်းရှုပ်ထွေးပြီး ကြောက်စရာကောင်းတဲ့အမှုတွေကို သူတိုတွေ ဘယ်လိုဖြေရှင်းကြမလဲ ? သူတိုရဲ့ Profile ကောက်တဲ့နည်းကရော အောင်မြင်နိုင်ပါ့မလား ? နောက်ကွယ်မှာရော ဘယ်လိုအရှုပ်အထွေးတွေ ရှိနေဦးမလဲ ? ဆိုတာကို အသည်းတအေးအေးနဲ့ အဖြေရှာလိုက်ကြရအောင်နော်။