-
Movie Name
-
Love Like The Galaxy (ကြယ်စင်ထက်က ချစ်သက်သေ) (2022)
-
Year
-
2022
-
Generes
-
Drama, Historical, Romance
-
Code
-
SC0560
-
Type
-
Series
-
Size
-
13.1 GB
-
Country
-
China
-
Description
-
1-56 Complete
ရှေးခေတ်ကားကောင်းကောင်းတွေကိုကြိုက်တဲ့
CM ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့
အသစ်ထွက်ရှိလာတဲ့ဇာတ်လမ်းတွဲတစ်ခုကို
ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
Main casts တွေအနေနဲ့
ငယ်စဥ်ကတည်းသသရုပ်ဆောင်လောကထဲဝင်ရောက်ခဲ့ပြီး
Nation’s Little Brother အဖြစ်သတ်မှတ်ခံရထားရတဲ့ Leo Wu (Wu Lei) ၊
အားလုံးရဲ့အသည်းကျော်လေး Zhao Lusi (Who rules the world) တို့ပဲဖြစ်ပါတယ်။
နာမည်ကြီးဝတ္ထုကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး
သရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်ကိုပီပြင်အောင်
သရုပ်ဆောင်နိုင်တဲ့သူတွေဆိုတော့ ကြည့်ရတာတန်စေမယ့်ဇာတ်ကားပါပဲ။
ဇာတ်လမ်းအကျဥ်းကတော့…
ချန်ရှောင်ရှန်းဟာစစ်ပွဲကြောင့်မိဘတွေနဲ့ခွဲခွာခဲ့ရပြီး
အဒေါ်ဖြစ်သူရဲ့အိမ်မှာနေထိုင်ရပါတယ်။
အဒေါ်ဖြစ်သူဟာ သူမကိုနှိမ်ထားပြီး
ဘာမှမတတ်တဲ့အသုံးမကျသူသာဖြစ်စေလိုတယ်။
သူ့ကိုယ်သူကာကွယ်ဖို့အတွက် ချန်ရှောင်ရှန်းဟာ
ဘာမှမသိ ပြဿနာပဲရှာတတ်တဲ့
ငတုံးငအပုံစံ ဟန်ဆောင်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း ဘာလုပ်လုပ်အကောင်းမမြင်ဘဲ
မျက်မုန်းကျိုးနေတဲ့အဒေါ်ဖြစ်သူမိသားစုနဲ့အတူ
နေထိုင်ရတာဟာ သူမအတွက် မလွယ်ကူခဲ့ပါဘူး။
လင်ပုယီကတော့ မင်းကြီးရဲ့မွေးစားသားဖြစ်ပြီး၊
လျို့ဝှက်ချက်တွေ ရန်ငြိုးတွေကိုသိုဝှက်ထားတဲ့သူပေါ့။
သူဟာလည်း ချန်ရှောင်ရှန်းလိုပဲ မေတ္တာငတ်မွတ်နေသူဖြစ်ပါတယ်။
မိသားစုရဲ့မေတ္တာကိုငတ်မွတ်နေကြတဲ့သူနှစ်ဦး တွေ့ကြတဲ့အခါမှာ
နှစ်ဦးသားဟာတစ်ယောက်ရဲ့ကွက်လပ်ကို တစ်ယောက်
ဖြည့်နိုင်ခဲ့ကြပါတယ်။ဘာအခက်အခဲ ပြဿနာနဲ့ပဲကြုံလာပါစေ
အတူရင်ဆိုင်ကူညီဖြေရှင်းကြပြီး ၊ တဖြည်းဖြည်းနဲ့ရင့်ကျက်လာကြတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။