-
Movie Name
-
LIFE OF PI (2012)
-
Year
-
2012
-
Generes
-
Drama, Fantasy
-
Code
-
00158
-
Type
-
Movie
-
Size
-
1.44 GB
-
Country
-
Bollywood
-
Description
-
ဒါရိုက်တာကို ရုပ်ရှင်ပရိသတ်အတော် များများသိကြမှာပါ။ဒီသိုင်းကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက Life of Pi ကိုရိုက်ကူးခဲ့တာသိရတော့ “ရှော့ခ်”ဖြစ်သွားခဲ့ကြရတဲ့လူတွေထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ်။ ဟုတ်ပါတယ်။ထိုင်ဝမ်သား ဒါရိုက်တာ Ang Lee ပဲဖြစ် ပါတယ်။ Ang Lee ရဲ့ Life of Pi ဇာတ်ကားဟာ အကယ်ဒမီဆု ၄ ဆုအထိရအောင် ဆွတ်ခူးခဲ့ပါတယ်။ သူကိုယ်တိုင်လည်း အကောင်းဆုံးဒါရိုက်တာအကယ် ဒမီဆုရှိခဲ့ပါတယ်။IMDb သတ်မှတ်ချက် 7.9 ရရှိထားပါ တယ်။ လူအတော်များများကို “Life of Pi ကြည့်ပြီးပြီလား”လို့ မေးကြည့်တဲ့အခါ “ကျားတစ်ကောင်နဲ့အတူပင်လယ်ထဲ မျောသွားတဲ့ကားမဟုတ်လား”လို့ပြန်ဖြေကြတာပိုများ ပါတယ်။ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားဟာ အဲ့ဒီထက်အများကြီးပိုပါတယ်။ရုပ်ရှင်ဝေဖန်ရေးသမား များကြား အတော်ဂယက်ရိုက်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဝေဖန်ရေးဆရာများ ဝေဖန်ကြရာမှာ လောကီအမြင်နဲ့ဝေဖန်ကြသူများလည်းရှိသလို၊လော ကုတ္တရာအမြင်နဲ့ဝေဖန်ကြသူများလည်းရှိပါတယ်။ ရုပ်ဝတ္ထုဝါဒီများ နဲ့ အတွင်းစိတ်သန္တာန်သည် သာအဓိကဟုယုံကြည်သူများကြား ငြင်းခုန်ချင်စရာ ကောင်းတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဝေဖန်ရေးဆရာများ အဓိကဝေဖန်ခဲ့ကြတဲ့ ဒိုင်ယာလော့အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ (၁)ဘုရားတစ်ပါးတည်းရှေ့မှာ အပြစ်ဝန်ခံတာထက် ဘုရားရှင်တွေအများကြီးရှေ့မှာ အပြစ်ဝန်ခံတာက ပိုမကောင်းဘူးလား (၂)ဘာသာရေးဆိုတာ မှိုင်းတိုက်ထားတဲ့အမှောင်ခန်း ကြီးကွ (၃)ကျွန်တော်မျိုးအား ခရစ်တော်နှင့် မိတ်ဆက်ပေးတော်မူခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ဗိဿနိုး (၄)နှစ်ပေါင်း ၁၀၀ လောက်အတွင်းမှာ စကြာဝဠာကြီး အကြောင်းကို သိပ္ပံပညာကပြောပြနိုင်ခဲ့တာဟာ ဘာသာရေးတွေ နှစ်ပေါင်း ၁၀၀၀၀ လောက် ပြော ပြခဲ့တာထက် သာတယ် (၅)ရုပ်ဝတ္ထုလောကအကြောင်းကို သိပ္ပံပညာက သင်ကြားပေးနိုင်ပေမယ့် အတွင်းစိတ်သန္တာန်ထဲက အကြောင်းတွေကိုတော့ သိပ္ပံပညာက မသင်ကြား ပေးနိုင်ပါဘူး ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယမိသားစုတစ်စုဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ တိရိစ္ဆာန်ရုံ ကြီးထဲမှ တိရိစ္ဆာန်များကို ကနေဒါနိုင်ငံမှာရောင်းချဖို့ ဂျပန်ကုန်တင်သင်္ဘောတစ်စီးနဲ့ပိစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်သန်းခဲ့ကြပါတယ်။ ကမ္ဘာ့အနက်ဆုံး မာရီယာနာသမုဒ္ဒရာချောက်နက်ကြီး အပေါ်မှာ သင်္ဘောနစ်မြုပ်ခဲ့ပြီး သားငယ်”ပိုင်”၊ခွေးအ တစ်ကောင်၊မြင်းကျားတစ်ကောင်၊မျောက်ဝံတစ် ကောင်နဲ့ ဘင်္ဂလားကျားကြီးတစ်ကောင်တို့သာလျှင် အသက်ကယ်လှေပေါ်ရောက်ရှိပြီး လွတ်မြောက်ခဲ့ကြပါတယ်။ ပိစိဖိတ်သမုဒ္ဒရာကြီးအလယ်မှာရက်အတော်ကြာ မျောပါနေခဲ့ပြီး နောက်ဆုံးမှာ ပိုင် နဲ့ ကျား နှစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ ပင်လယ်ပြင်မှာ သင်္ဘောနစ်မြုပ်တဲ့ဇာတ်လမ်းဟာ အထူးအဆန်းတော့မဟုတ်ပါဘူး။ဒီဇာတ်လမ်းမှာ ထူးခြားတာက- ဘုရားသခင်ရဲ့ကယ်တင်ခြင်းခံခဲ့ရတယ်လို့” ပိုင်”က ယုံကြည်နေတယ်။-ကျားကြီးသာပါမလာရင် သူအသက်ရှင်လွတ်မြောက် နိုင်မှာမဟုတ်ဘူးလို့လည်း သူကယုံကြည်နေပါတယ်။ ရုပ်ရှင်ပါးဝနေသော ပရိသတ်များက “ပေးချင်တဲ့ Message တွေအရမ်းကောင်းတယ်“သုံးသပ်ကြပေ မယ့် “ဘာ message တွေလဲ” လို့ပြန်မေးလျှင် အဖြေမပေးနိုင်ကြတာ ပိုများပါတယ်။ Life of Pi ဟာ best visual effects နဲ့ best cinematography ဆုများကိုလည်း ရရှိထားတာ ကြောင့် ပင်လယ်ပြင်ရှုခင်းများလည်းအရမ်းကောင်းပါ တယ်။(wallpaper အဖြစ်အသုံးများကြသည်) ကျွန်တော့ Review ကို “အလွန်တွေရေးထားတာ”လို့ ထင်ကောင်းထင်မိကြပါလိမ့်မယ်။ ဇာတ်ကားကို ကိုယ်တိုင်ကြည့်ပြီးမှသာ ကျွန်တော်ရဲ့ Review ဟာ မလွန်ရုံသာမက လိုပင်လိုအပ်နေ သေးတယ်လို့ ထင်မြင်မိကြပါလိမ့်မယ်။