Movie Name
Wifelike (2022)
Year
2022
Generes
Sci-Fi, Thriller
Code
EN1461
Type
Movie
Size
628 MB
Country
Hollywood
Description
Wifelike (2022) ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Wifelike ဆိုတဲ့ Sci-Fi, Thriller အမျိုးအစားဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb မှာ Rated R အဖြစ် သတ်မှတ်ထားတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်းကတော့ William က Wifelike ကုမ္ပဏီက အေးဂျင့်တစ်ယောက်ပေါ့။ သူ့အလုပ်ကတော့ ကုမ္ပဏီကထုတ်တဲ့ လူသားစက်ရုပ်အဖော်တွေကို စောင့်ရှောက်ပေးရတာပါ။ တစ်ဖက်မှာလည်း စက်ရုပ်အဖော်တွေကိုဆန့်ကျင်တဲ့ SCAIR ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့က စက်ရုပ်တွေကို ပိုင်ရှင်တွေဆီကခိုးသွားပြီး အကြမ်းဖက်မှုတွေမှာ အသုံးချတယ်ဆိုပြီး နာမည်ကြီးတဲ့အဖွဲပေါ့။ တစ်နေ့မှာတော့ ကုမ္ပဏီကနေ William အတွက် သူ့ရဲ့ဆုံးသွားတဲ့ဇနီး Meredith နဲ့ တစ်ပုံစံတည်းတူတဲ့ စက်ရုပ်အဖော်တစ်ယောက် လုပ်ပေးလိုက်ပါတယ်။ Meredith က သူ့ပရိုဂရမ်အရ အစပိုင်းမှာ ကိစ္စအားလုံးကိုမမှတ်မိသေးဘဲ နောက်ကျတော့မှ လူသား Meredith နဲ့ တဖြေးဖြေးပေါင်းဆည်းသွားပြီး တစ်သားတည်းဖြစ်သွားမှာပါ။ အဲလိုနဲ့ Meredith စက်ရုပ်လေးက ဘာကိုမှမမှတ်မိသေးဘဲ အားလုံးကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာ SCAIR အဖွဲ့က သူ့ဆီချဉ်းကပ်လာတော့ William အနေနဲ့ သူ့မိန်းမစက်ရုပ်လေးကို ဘယ်လိုကာကွယ်သွားမလဲ၊ SCAIR အဖွဲ့ရဲ့သရုပ်မှန်ကရောဘာလဲ၊ Meredith ကရော သူ့အရင်မှတ်ဉာဏ်တွေကို ပြန်ရပါ့မလားဆိုတာ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။