Movie Name
The Great Illusionist 2 (2022)
Year
2022
Generes
Drama
Code
CN0396
Type
Movie
Size
834 MB
Country
China
Description
CM ချစ်ပရိသတ်တို့အတွက် Part 1 နဲ့ ဇာတ်လမ်း လုံးဝချိတ်ဆက်နေတာမဟုတ်ပေမယ့် part 1 လိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့Great Illusionist part 2 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လုံစုန်အရာရှိတစ်ယောက် ထူးခြားတဲ့ လူသေမှုတွေကို ရင်ဆိုင်ရပြီး ဖြည်းဖြည်းချင်း ရှာဖွေစစ်ဆေးရာမှာ ထူးခြားစွာ သေဆုံးသူ ၃ ယောက်လုံးရဲ့ တူညီတဲ့သဲလွန်စကို ရခဲ့တာပေါ့… ဒါကတော့ ၃ ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်က တိုက်တိုက်ဆိုင်ဆိုင် အကြောင်းမဲ့ ကျောင်းနားခဲ့ကြတယ်ဆိုတာပါပဲ… သေဆုံးသူ ၃ ယောက်လုံးက ကျောင်းနားတာတင်မကဘူး မိသားစုကျောထောက်နောက်ခံကောင်းပြီး ငွေကြေးကြွယ်ဝတဲ့အပြင် အာဏာပါရှိတဲ့ မိသားစုကဆိုတာပါ သိခဲ့ရတော့ ဒါက သွေးရိုးသားရိုး မဟုတ်မှန်း သဘောပေါက်ပြီး သေချာစုံစမ်းတဲ့အခါမှာ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုနဲ့ပါ ချိတ်ဆက်မိလာခဲ့တယ်… ဒီကားထဲ အကြိုက်ဆုံး ဒိုင်ယာလော့လေးကတော့ “ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလားတဲ့”တဲ့… Great Illusionist part 1 တုန်းကလိုပဲ ဇာတ်လမ်းအစတည်းက အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ ထူးခြားဆန်းပြားဖွယ်ဇာတ်ကားကောင်းလေးမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးထဲက တစ်ခုပါ..