Movie Name
Love Between Fairy And Devil (2022)
Year
2022
Generes
Comedy, Historical, Romance
Code
SC0563
Type
Series
Size
8.78 GB
Country
China
Description
တရုတ်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားထဲမှာ Dong Fang Qing Cang အဖြစ် Wang He Di, Xiao Lan Hua အဖြစ် Yu Shu Xin တိုက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Po Xin မျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်နဲ့တိုက်ခိုက်ရင်း Po Xin မျိုးနွယ်ရဲ့နတ်ဘုရားမတစ်ပါးကို မိစ္ဆာအရှင်ဖြစ်တဲ့ Dong Fang Qing Cang ကရှင်းလင်းပစ်ခဲ့တယ်။ နှစ်တစ်သောင်းကျော်ကြာပြီးနောက် ကောင်းကင်ဘုံမှာ အဆင့်နိမ့်နတ်သမီး Xiao Lan Hua အဖြစ် တဖန်ပြန်လည်မွေးဖွားလာပြီး Hao Tian စင်မှာပိတ်မိခံထားရတဲ့ Dong Fang Qing Cang ကို မရည်ရွယ်ပဲနဲ့ပြန်လည်နှိးထအောင်လုပ်လိုက်မိပါတယ် Dong Fang Qing Cang ကလည်းသူ့လွတ်လပ်မှုကိုရယူဖို ကြိုးစားရင်း Xiao Lan Hua နဲ့ဝိဉာဉ်ချင်းလဲသွားခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့မိစ္ဆာအရှင်နဲ့ ဖြူစင်ပြီးကြင်နာတတ်တဲ့နတ်မိမယ်လေး ဘယ်လိုဖြစ်ပြီးတော့များဝိဉာဉ်ချင်းလဲသွားရတာလဲ။ မတူညီတဲ့အကျင့်စရိုက်နဲ့မတူညီတဲ့စွမ်းအားတွေကြားမှာ ဝိဉာဉ်ချင်းလဲမိနေတဲ့နှစ်ဦးသားဘယ်လိုအခက်အခဲတွေ တွေ့ကြုံလာရမလဲ။လဲမိသွားတဲ့ဝိဉာဉ်နှစ်ခုကိုကော ပြန်ရယူနိုင်ပါ့မလားဆိုတာကို အားလုံးပဲအတူတူစောင့်ကြည့်လိုက်ကြရအောင် ~