Movie Name
Cafe Minamdang (2022)
Year
2022
Generes
Drama
Code
SKR0698
Type
Series
Size
6.04 GB
Country
Korea
Description
Café Minamdang (2022) မျဉ်းပြိုင်နှစ်ကြောင်းက မဆုံနိုင်ပေမယ့် ဖူးစာပါရင်တော့ လူလိမ်နဲ့စုံထောက်မလေးတို့လည်း ဆုံစည်းတတ်ကြပါတယ် Doom at Your Service ထဲက Multi-talented Actor Seo In-Guk နဲ့ Kdrama ပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသမီးချော Oh Yeon-Seo တို့ရဲ့ Comeback Drama ဖြစ်တဲ့ “Café Minamdang” အရင်ကတော့ ရာဇဝတ်မှုစုံစမ်းရေးအဖွဲ့သားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအချိန်မှာ လူလိမ်တစ်ယောက်ဖြစ်နေတဲ့ Nam Han-Joon က “Minamdang” ဆိုတဲ့ ဗေဒင်ရှေ့ဖြစ်ဟော Cafe လေးတစ်ခုကို ဖွင့်လှစ်ထားလိုက်ပါတယ် ဗေဒင်တတ်မြောက်လို့တော့ မဟုတ်ပေမယ့် ချောမောတဲ့‌ရုပ်ရည်နဲ့ စကားပြောကောင်းတဲ့ Han-Joon ကြောင့် ရောက်လာကြတဲ့ဧည့်သည်တွေကလည်း မနည်းပါဘူး ထိပ်တန်းဟက်ကာနဲ့ စုံထောက်အေဂျင်စီကလူတို့ကို သူငယ်ချင်းတော်ထားတဲ့ Han-Joon ကတော့ ငွေရရှိဖို့အရေးအတွက် သူ့ဧည့်သည်တွေကို အမျိုးမျိုးအဖုံဖုံဆွဲဆောင်ပြီး တချို့ကိစ္စတွေကို သူကိုယ်တိုင် ပါဝင်ကူညီရင်း စုံထောက်မလေး Han Jae-Hee နဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့…။ အမှန်တရားဘက်မှာပဲ အမြဲရပ်တည်တတ်ပြီး စုံထောက်သက်တမ်း ၃ နှစ်ရှိနေပြီဖြစ်တဲ့ Jae-Hee တစ်ယောက် လူလိမ်လေး Han-Joon နဲ့တွေ့ဆုံမိပြီး ဘယ်လိုပတ်သက်ဆက်နွှယ်မှုတွေရှိလာမလဲ လူလိမ်နဲ့စုံထောက်မလေးတို့ရဲ့ ဆက်ဆံရေးဟာ ဘယ်လိုပြောင်းလဲသွားမလဲ ။ မျဉ်းပြိုင်လိုဖြစ်နေတဲ့ သူတို့နှစ်ဦး ပေါင်းဖက်သွားနိုင်ပါ့မလား ဆိုတာ အပတ်စဉ် စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ