-
Movie Name
-
ပန်းကလေးရဲ့ကိုယ်ရံတော် (Suphap Burud Satan) (2015)
-
Year
-
2015
-
Generes
-
Action, Drama, Romance
-
Code
-
ST0645
-
Type
-
Series
-
Size
-
12 GB
-
Country
-
Thai
-
Description
-
Casts,
ဆန်စင်ခေါ် အဖြစ် Mungkorn Paphawin Hongcheon
လီလီ အဖြစ် Kaew Jarinya Sirimongkolsakul
ဇာတ်လမ်းအကျဉ်း
ငယ်စဉ်ကလေးဘဝထဲက မိခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီးနောက် ဖခင်က နုထိသာဆိုတဲ့အမျိုးသမီးနဲ့ နောက်အိမ်ထောင်ပြုခဲ့တာကြောင့် လီလီ ဟာမိထွေးဖြစ်သူနဲ့အတူနေခဲ့ရပါတယ်။ မိထွေးဖြစ်သူရဲ့ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးပြုမူတတ်တဲ့ မကောင်းတဲ့အကျင့်စရိုက်တွေကိုသိနေတဲ့လီလီဟာ မိထွေးနဲ့အတူမနေချင်တာကြောင့် နိုင်ငံခြားကိုထွက်သွားခဲ့ပါတယ်.....
ဆန် နဲ့ ဒါ(ဝို) တို့ရဲ့အမေ နုထိသာဟာ ဆန်တို့မောင်နှမကလေးဘဝအရွယ်မှာပဲ ဆင်းရဲတဲ့ ဆန်တို့ရဲ့အဖေကိုပြစ်ပြီး ချမ်းသာတဲ့သူဌေးတစ်ဦးနဲ့လက်ထပ်ခဲ့ပါတယ်။ ဆန်ဟာ သူတို့ကိုပြစ်ပြီးသူများမိသားစုမှာသွားနေခဲ့တဲ့သူ့အမေကိုအရမ်းမုန်းခဲ့တယ်။ သူတို့သားအဖမောင်နှမတွေ စိတ်ဆင်းရဲခံစားနေရချိန်မှာ နုထိသာနဲ့သူ့ရဲ့နောက်မိသားစုဖြစ်တဲ့ လီလီတို့သားအဖတွေအတူတူပျော်ရွှင်နေကြမယ်လို့ အထင်လွဲခဲ့တာကြောင့် လီလီတို့မိသားစုကိုကလဲ့စားချေဖို့ကြိုးစားခဲ့တယ်.....
ဆန်ကို သူ့သားအရင်းမှန်းမသိတဲ့နုထိသာဟာ လီလီ နိုင်ငံခြားကနေပြန်ရောက်လာတဲ့အချိန်မှာ လီလီ့ကိုစောင့်ရှောက်ပေးဖို့ ဆန့်ကိုငှားထားခဲ့တယ်။ အမှန်တော့ နုထိသာဟာ လီလီ့ကိုဒုက္ခပေးတဲ့အခါအကူအညီဖြစ်အောင် ဆန့်ကိုငှားထားခဲ့တာမှန်း ဆန်ကမသိခဲ့ပါဘူး.....
နုထိသာဟာ ဆန့်ကိုသူ့သားအရင်းမှန်းမသိပဲ လီလီ့ကိုဒုက္ခပေးတဲ့နေရာမှာအသုံးချခဲ့သလို တစ်ဖက်မှာလည်း ဆန်ဟာ လီလီတို့သားအဖကိုမုန်းတဲ့စိတ်နဲ့ လီလီ့ကိုကလဲ့စားချေနိုင်ဖို့ နည်းအမျိုးမျိုးနဲ့ကြိုးစားနေခဲ့တယ်.....
ဒီလိုနဲ့လီလီ့ကို အမျိုးမျိုးဒုက္ခပေးနေတဲ့ နုထိသာနဲ့ သူ့ရဲ့ခိုင်းဖက်လူဆိုးတွေလက်ထဲကနေ ဘော်ဒီဂတ် ဆန်တစ်ယောက် လီလီ့ကိုဘယ်လိုများကာကွယ်ပေးမှာလဲ.....
ဆန်ကိုယ်တိုင်ကရော လီလီ့ကိုမုန်းတဲ့စိတ်နဲ့ ဘယ်လိုတွေကလဲ့စားချေနိုင်ဖို့ကြိုးစားဦးမှာလဲ.....
အနေနီးပြီးမတည့်ကြတဲ့ မမလေးလီလီနဲ့ ဘော်ဒီဂတ်ဆန်တို့နှစ်ယောက်ကြားက ရန်ဖြစ်ရင်း ဖြစ်တည်လာတဲ့သံယောဇဉ်ကြိုးနဲ့ သူတို့နှစ်ဦးကြားကအမုန်းတရား အားပြိုင်ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်