-
Movie Name
-
Modern Love Mumbai (2022)
-
Year
-
2022
-
Generes
-
Drama
-
Code
-
SIND0035
-
Type
-
Series
-
Size
-
2.04 GB
-
Country
-
Bollywood
-
Description
-
Modern Love Mumbai
IMDb rating – 8/10
အချစ်လို့ကြားလိုက်ရတာနဲ့ သစ်လွင်လှပမြူးကြွတဲ့ဘဝတစ်စိတ်တစ်ပိုင်းကို မြင်ယောင်ကြပေမယ့်
နေ့စဥ်ဒုက္ခလှလှတွေကို မေ့တတ်ကြတယ်
ဒီကားထဲမှာတော့ သဘာဝနဲ့ ပတ်ဝန်းကျင်ရဲ့
တင်းကျပ်သတ်မှတ်ချက်တွေနဲ့ နေ့စဥ်ဒုက္ခလှလှတွေကို
အချစ်နဲ့ကျော်ဖြတ်သွားကြပုံလေး
ရိုက်ပြထားတယ်
အခါးသံသရာကို အချစ်ချိုချိုလေးတွေနဲ့
ဘယ်လိုတွေအနိုင်ယူမလဲ………
Episode 1
အိန္ဒိယထုံးစံ ဇာတ်အနိမ့်အမြင့်တွေကြားက အချစ်
ကန့်သတ်ထိန်းချုပ်မှုတွေကြားက မိန်းကလေး
တစ်ယောက် ဘဝ
ဇာတ်အနိမ့်အမြင့်ကွာခြားမှုတွေကြားက စွန့်စားပြီးချစ်ခဲ့ရသူက စွန့်ခွာသွားတဲ့အချိန်
ထင်သလိုမျှော်လင့်စောင့်စားမနေပဲ ကိုယ့်ဘဝကိုယ်စတင်ပြောင်းလဲနေတဲ့ကောင်မလေးတစ်ယောက်..
ကန့်သတ်ချက်တွေ တင်းကျပ်မှုတွေကို
ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုကျော်ဖြတ်ပြသွားမလဲ
Episode 2
ကြီးပြင်းလာခဲ့ရတဲ့ ဘဝရဲ့အတိတ်ဖြစ်ရပ်တွေကထပ်ကြပ်မကွာလိုက်နေခဲ့တာမို့ Gayတစ်ယောက်အဖြစ်ဝန်မခံချင်ခဲ့တဲ့ မန်ဇူ
သားအရင်းအချာပမာပြုစုပျိုးထောင်ပေးခဲ့တဲ့အဖွားစိတ်ပျက်သွားမှာကြောက်လို့ အချစ်ကိုဝန်မခံရဲခဲ့သူ..မိဘတွေကလည်း
Gayတစ်ယောက်အဖြစ်လက်မခံခဲ့လို့ ပင်ပန်းနေတဲ့သူ့ဘဝထဲ ဘယ်လိုအလှည့်အပြောင်းတွေကြုံတွေ့လာမလဲ…
Episode 3တရုတ်နဲ့ အိန္ဒိယစပ်ကာ မွေးဖွားလာပြီး
တရုတ်ပြည်မှာပဲ အခြေချ နေထိုင်နေတဲ့သူ
အမေဖြစ်သူ တရုတ်လူမျိုးက
သူ့သားကို တရုတ်မနဲ့ပဲ ယူစေချင်ပြီး
သူ့သားချစ်သူ အိန္ဒိယမနဲ့ သဘောမတူတဲ့အခါ…
အမေနဲ့ ချစ်သူကြား ဗျာများနေရတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်
Episode 4
အချစ်မှာ အသက်ဆိုတာဟာကိန်းဂဏန်းတစ်ခုပါပဲ အသက်၂၀လောက်ကွာခြားနေတဲ့ ၄၀ကျော်နဲ့ ၂၀ကျော်အချစ်အကြောင်
းရိုက်ကူးတင်ဆက်ထားတဲ့ ဒီအပိုင်းဟာဆိုရင်လည်း ချစ်နေဖို့သာအဓိကဆိုတဲ့ ဝေါဟာရကို ပုံဖော်ထားပါတယ်
Episode 5
ရွေးလေ လိုလေ အိုတစ္ဆေဖြစ်နေတဲ့
အပျိုကြီးမမတစ်ယောက်
လိုအပ်ချက်မရှိ သူနဲ့ကိုက်ညီတဲ့
ကောင်လေးတစ်ယောက်နဲ့ တွေ့ရှိသွားတဲ့အခါ…
Episode 6
အိမ်မှုကိစ္စအဝဝနဲ့ ယောင်္ကျားကိုပံ့ပိုးရင်း
ဝါသနာတွေမှေးမှိန်ခဲ့ရတဲ့ အိမ်ထောင်ရှင်မ
တစ်ယောက်ရဲ့ မကျေနပ်ချက်တွေ
အလုပ်မှာအကောင်းဆုံးလုပ်နိုင်ပြီး အိမ်မှုကိစ္စကိုတစ်စက်လေးမှ စိတ်ဝင်စားမှုမရှိတဲ့ ယောင်္ကျားတစ်ယောက်ရဲ့ လစ်ဟင်းမှုတွေကို
အချစ်နဲ့ထောက်ပြညှိနှိုင်းကြရင်း ကျော်ဖြတ်အဆင်ပြေသွားခဲ့ရပုံလေးကို ကြည်ကြည်နူးနူး ခံစားရစေမှာပါ….
English Story လေးတစ်ပုဒ်ကို Bollywood ရဲ့
ပုံသွင်းရိုက်ကူးချက် ပေါင်းစပ်မှုက ကွဲပြား
ဆန်းသစ်ရဲ့လား ခံစားကြည့်ပါဦး