-
Movie Name
-
Irma Vep (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
SE0314
-
Type
-
Series
-
Size
-
5.08 GB
-
Country
-
Hollywood
-
Description
-
1-8 Complete
HBO ရဲ့စီးရီးအသစ်လေးပါ။Tomb Raider ထဲက မင်းသမီးချောလေး Alicia Vikander ကခေါင်းဆောင်မင်းသမီး အဖြစ်ပါ၀င်ထားပါတယ်။
Mira ဟာ၀င်ငွေကောင်းတဲ့စူပါဟီးရိုးကားတွေရိုက်လေ့ရှိတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ပါ။ဒါပေမယ့် သူကပိုက်ဆံရမယ့်ရုပ်ရှင် (Blockbuster)တွေပဲ ရိုက်နေရတာငြီးငွေ့လာလို့ အနုပညာမြောက်မယ့်ကားရိုက်ချင်တဲ့အတွက် 1916က အသံတိတ်ပြင်သစ်ရုပ်ရှင်ဟောင်း “Les Vampires” ကိုတမူထူးခြားတဲ့ပြင်သစ်ဒါရိုက်တာ Rene နဲ့ ပဲရစ်မြို့မှာ အတူရိုက်ဖို့ သဘောတူလိုက်ပါတယ်။ဒါပေမယ့် ရိုက်ကူးရေးဟာထင်သလောက်မလွယ်ကူဘဲ Mira အတွက် ကိုယ်ရေးကိုယ်တာပြဿနာတွေသာမက ဇာတ်ကောင်ဖြစ်သူ Irma Vep နေရာကိုဈာန်၀င်နိုင်ဖို့ရုန်းကန်ရပါတယ်။ဒါရိုက်တာ Rene ကလည်းအရင်က စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် ထုတ်လုပ်ရေးမှာ ဒုက္ခရောက်နေပါတယ်။
ဒီစီးရီးက ဇာတ်လမ်းတွဲရိုက်ကူးရေးအကြောင်းကို ရိုက်ထားတဲ့ဇာတ်လမ်းတွဲလေးပါ။Personal Shopper,Clouds of Sils Maria တို့ရိုက်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ Oliver Assayas ရိုက်ကူးထားပြီး Alicia Vikander အပြင် Adria Arjona,Vicent Macaigne တို့ပါ၀င်ထားပါတယ်။