-
Movie Name
-
Kill It
-
Year
-
2019
-
Generes
-
Action, Crime, Drama, Thriller
-
Code
-
SKR0306
-
Type
-
Series
-
Size
-
5.83 GB
-
Country
-
Korea
-
Description
-
ဂင်ဆူယွန်းဆိုတဲ့ လူငယ်လေးဟာ ငယ်ငယ်လေးကထဲက ကြေးစားလူသတ်သမားတစ်ဦးရဲ့ပြုစုပျိုးထောင်မှုကြောင့် တိုက်ရည်ခိုက်ရည်မျိုးစုံနဲ့ လူသတ်နည်းမျိုးစုံကို လက်ဆင်ကမ်းအမွေရထားသူဖြစ်တယ်…အဆင့်မြင့်ကြေးစားလူသတ်သမားဖြစ်သူရဲ့ သင်ကြားမှုကြောင့် ပင်ကိုယ်ပါရမီပါတဲ့ ဒီလူငယ်လေးဟာ ဆရာတစ်ဆူလိုပါပဲ…..ပြောရရင်ကြေးစားလူသတ်အသိုင်းအဝန်းမှာ ကျင်လည်နေတဲ့သူတစ်ယောက်… ဒိုယောင်းဂျင် ဆိုတဲ့ကောင်မလေးကတော့ စုံထောက်တစ်ယောက်… သူက အမှုသွား အမှုလာတွေကို ချဉ်းကပ်ပုံ ၊စဉ်းစားပုံ၊ဆက်စပ်တွေးတောပုံတွေက အရွယ်နဲ့မလိုက်အောင် ထက်မြက်လွန်းတဲ့သူ….ထူးဆန်းတဲ့လူသေမှုတွေကြောင့် ဂင်ဆူယွန်းတို့ရှိတဲ့ဘက်ကို အမှုလိုက်ဖို့စေလွှတ်ခြင်းခံထားရတဲ့သူ…. ဒီကားက 2019 ခုနှစ်ထွက် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး စုံထောက်မှုခင်း အက်ရှင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်… ရုရှားမာဖီးယားဂိုဏ်းတွေလည်းပါသလို မူးယစ်ဂိုဏ်းတွေ မူးယစ်ဆေးတွေ၊အတွဲလိုက် လူသတ်မှုတွေပါဝင်တယ်.. ဖိုက်တင်ခန်းတွေလည်းအတော်ကောင်းသလို လက်နက်မျိုးစုံကိုလည်းသုံးထားတာတွေ့ရတယ်.. မှုခင်းလိုက်တဲ့အချိန်မှာ ဆက်စပ်တွေးခေါ်ပြီး အမှုလိုက်ပုံစံတွေကလည်း တော်တော်လေးကိုပညာသားသလို အပိုင်း(၁)မှာတင် လျှိုှုဝှက်ချက်ပေါင်းများစွာနဲ့ ဇာတ်လမ်းကိုစထားတယ်… ကြေးစားလူသတ်သမားဖြစ်တဲ့ ဂင်ဆူယွန် ရဲ့ မိဘတွေက ဘယ်သူဘယ်ဝါလဲမဖော်ပြထားတဲ့အပြင် ရှေးယခင်ကထဲက မဖော်နိုင်သေးတဲ့ အကြီးပိုင်းလူသတ်မှုတွေကလည်း ရှိနေပြန်တယ်… ပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းသလို အတော်ကိုဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းတွဲလို့ဆိုရမှာဖြစ်တယ်… မှုခင်း အက်ရှင်ကားတွေကိုကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်းညွှန်းဆိုပါရစေ… (၁၂)ပိုင်းထွက်ရှိပြီး စ/ဆုံးတင်ဆက်ပေးထားပါသည်…