-
Movie Name
-
MAMA GOGO (2022)
-
Year
-
2022
-
Generes
-
Comedy, Drama
-
Code
-
ST0609
-
Type
-
Series
-
Size
-
8.01 GB
-
Country
-
Thai
-
Description
-
1-12 Completed
အညွှန်း
ကဲ ဒီတစ်ခါမှာတော့ ချိုအီနေတဲ့အချစ်ကားလေးတွေပြီးတော့
ကောင်ချောလေးတွေကို တစ်ဝကြီးငမ်းရမဲ့ ခပ်မိုက်မိုက်ဇာတ်ကားလေးကို
CM က တင်ဆက်ပေးပါတော့မယ်ဗျ
ခေတ်မရှိ၊ နာမည်မကြီးတော့တဲ့ အဆိုတော်ဖြစ်ပြီး
လက်ရှိ ညဈေးမှာ ဈေးရောင်းနေရတဲ့ “အန်နီ”
စိတ်ပျက်စရာအတိဖြစ်နေပြီး အဆင်မပြေတဲ့ဘဝထဲကို
တစ်နေ့မှာတော့ အံ့အားသင့်စရာ ကိစ္စရပ်တစ်ခုပေါ်လာပါတော့တယ်
အဲဒါကတော့ ဦးလေးဖြစ်သူဆီကနေ “Papa Gogo” ဆိုတဲ့နာမည်နဲ့
ဖွင့်ခဲ့ဖူးတဲ့ ဘားတစ်ခုကို အမွေရလိုက်တာပါပဲ
တစ်လ တစ်လကို ဘတ်သန်းချီပြီးရှာနိုင်ခဲ့တဲ့ ဘားတစ်ခုဆိုတာ သိလိုက်ရလေတော့
“Mama Gogo” နာမည်နဲ့ ဘားကလပ်တစ်ခုဖွင့်ဖို့ ကြံရွယ်ပါတော့တယ်။
ဒါပေမဲ့ သူဖွင့်မဲ့ဘားက ကောင်မလေးတွေနဲ့ လူတွေကိုဆွဲဆောင်မှာမဟုတ်ဘဲ
ခပ်မိုက်မိုက်ကောင်လေးတွေနဲ့ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့ဖြစ်လေတော့
ကောင်ချောလေးများ ရှာပုံတော်ဖွင့်ရလေသတည်းပေါ့
အဲလိုရှာပုံတော်ဖွင့်ရာက ဘယ်လိုကိုယ်တော်ချောတွေ ဘားကိုရောက်လာမလဲ
သူတို့ကရော ဘယ်လိုလူမျိုးတွေဖြစ်မလဲ၊ သူဦးစီးပြီးလုပ်ကိုင်တဲ့
ဒီဘားကလပ်ကရော အောင်မြင်နိုင်ပါ့မလား
ဘာအခက်အခဲတွေ ဆက်ပြီးတွေ့ကြုံရမလဲဆိုတာကို
အခွီပေါင်းတစ်သိန်းနဲ့ ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
ကိုယ်တော်ချောတစ်သိုက်ရဲ့ Sexy ကျမှုတွေကို ငမ်းရင်း
သူတို့ရဲ့အလွဲပေါင်းတစ်သိန်းကိုပါ ကြည့်ပြီးခွီချင်တယ်ဆိုရင်တော့
ဒီကားလေးကို ရွေးပါလို့ပဲ ပြောရမှာပေါ့နော်။
ဒီကားထဲက ကိုယ်တော်ချောလေးတွေကို ငမ်းလို့ရမဲ့နေ့…အဲ…ကြည့်ရှုခံစားလို့ရမဲ့
နေ့ရက်ကတော့ June 12 ကစ အပတ်စဉ် Sunday တိုင်းဖြစ်ပါတယ်ဗျ။
ဒါဆို Super Sunday တိုင်း ကောင်ချောလေးတွေကို စောင့်မျှော်ကြည့်ရှုဖို့အတွက်
ရင်ခုန်လို့ရပါပြီလို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျ။