-
Movie Name
-
Don't Knock Twice (2016)
-
Year
-
2016
-
Generes
-
Fantasy, Horror
-
Code
-
EN1516
-
Type
-
Movie
-
Size
-
370 MB
-
Country
-
Hollywood
-
Description
-
ဇာတ်ကားနာမည်ကိုက Don’t Knock Twice ..ဒီတံခါးကို နှစ်ခါခေါက်လိုက်မိတာနဲ့
သူမကမင်းတို့နောက်ကို တောက်လျှောက်လိုက်လာလိမ့်မယ် တစ်ခါခေါက်ရင်
သူမအိပ်ရာကနိုးထဖို့ နှိုးတာဖြစ်ပြီး နှစ်ခါခေါက်ရင်တော့ သေခြင်းကနှိုးလိုက်တာပဲ …
Horror ကြိုက်ကြည့်ရှူသူတွေအတွက် Old But Gold သရဲဇာတ်ကားကောင်းလေးကို
တင်ဆက်ပေးချင်ပါတယ် IMDb 5.1 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့
ကြောက်စရာလည်းကောင်းသလို မိဘမေတ္တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်…
ဂျက်စ်ဆိုတာကတော့ ကျန်းမာရေးမကောင်းလို့ သမီးဖြစ်သူခလိုဝီကိုမိဘမဲ့ဂေဟာပို့ထားရတဲ့
မိခင်တစ်ယောက်.. သမီးကိုပြန်ခေါ်ဖို့ကြိုးစားပေမယ့် တားဆီးနေသူတွေကြောင့်
၉နှစ်လောက်အဆက်အသွယ်ပြတ်သွားခဲ့သူ။ ခလိုဝီကတော့ လိုအပ်ချိန်မှာရှိမနေခဲ့တဲ့အတွက်
မိခင်ဖြစ်သူကိုနာကျည်းရင်းနေ့ရက်တွေကိုဖြတ်သန်းခဲ့ရသူပါ ဒီလိုနဲ့တစ်နေ့ မြို့စွန်ကအိမ်ပျက်ကြီးကို
ခလိုဝီနဲ့ သူငယ်ချင်းဖြစ်သူဒန်နီတို့ သွားကြည့်ကြရင်း လူငယ်သဘာဝစူးစမ်းချင်တာကြောင့်
တံခါးကိုနှစ်ခါခေါက်လိုက်မိတယ် အစပိုင်းမှာတော့ ကိစ္စတွေက အဆင်ပြေပြေရှိနေပေမယ့်
သူတို့အိမ်ပြန်ရောက်ပြီးချိန်မှာတော့ ကြောက်မက်ဖွယ်ခြောက်လှန့်မှုတွေနဲ့ မိတ်ဆက်ခဲ့ရတာကြောင့်
မိခင်အိမ်ကိုအားကိုးတကြီးသွားပြီး အကူအညီတောင်းခဲ့ပေမယ့် ခြောက်လှန့်မှုတွေကရပ်တန့်မသွားဘဲ ပိုဆိုးလာတဲ့အခါ…
သူမမိခင်က သူမကိုဘယ်လိုကယ်တင်မလဲ ဒီခြောက်လှန့်မှုတွေကနေ
သူမတို့လွတ်မြောက်ကြမှာလားဆိုတာ အသည်းယားစရာခြောက်လှန့်မှုတွေကြားထဲ စီးမြောလိုက်ကြပါဦးရှင်