-
Movie Name
-
Moon Rak Asoon (နတ်ဆိုးပြုစားတဲ့အချစ်) (2016)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
ST0614
-
Type
-
Series
-
Size
-
11.8 GB
-
Country
-
Thai
-
Description
-
1-27 Complete
Casts;
ထပ် အဖြစ် Film Rattapoom Toekongsap
နန်ဖင်း အဖြစ် Sandy Chalida Klampan
ဇာတ်လမ်းအကျဉ်း;
နန်ဖင်းက နယ်ကျောင်းလေးတစ်ခုမှာ အလုပ်လုပ်နေတဲ့ကျောင်းဆရာမလေးပါ။ ဖခင်ဖြစ်သူကနာမကျန်းဖြစ်နေပြီး မိခင်ဖြစ်သူကလည်းမကျန်းမာတဲ့ဖခင်ကိုပြုစုပေးနေရတာကြောင့် မိသားစုရဲ့စားဝတ်နေရေးတာဝန်ဟာ နန်ဖင်းရဲ့ပုခုံးပေါ်ကျလာပါတော့တယ်။ စားဝတ်နေရေးအတွက်အလုပ်လုပ်နေရတဲ့အပြင် မိသားစုရဲ့အကြွေးတွေကိုပါဆပ်ပေးနေရတာကြောင့် နန်ဖင်းတစ်ယောက်ဗျာများနေရပါတော့တယ်။ အဲ့ဒိအချိန်မှာပဲ နန်ဖင်းအဖေရဲ့သူငယ်ချင်းက နန်ဖင်းကို သူ့သူဌေးခွန်ထပ်ရဲ့သား နန့်ကိုစာပြပေးဖို့အတွက် ခွန်ထပ်ဆီမှာအလုပ်လုပ်ဖို့ခေါ်သွားခဲ့ပါတယ်။
ခွန်ထပ်တစ်ယောက် ဇနီးဖြစ်သူဆုံးပါးသွားပြီးနောက် သားလေးခွန်နန်နဲ့ ၂ယောက်ထဲကျန်ခဲ့တဲ့အချိန်ကစပြီး ဒေါသကြီးတဲ့လူကြမ်းကြီးတစ်ယောက်လိုဖြစ်လာခဲ့ပါတယ်။ သားငယ်ခွန်နန့်အပေါ်မှာလဲစိတ်မရှည်စွာအော်ငေါက်တတ်ပြီး သူ့ရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေကြောင့်သားဖြစ်သူ ခွန်နန်ကလဲသူ့ကိုမုန်းနေခဲ့တယ်။
ခွန်နန်ဟာ မိခင်မရှိတော့တဲ့နောက် ဒေါသကြီးတဲ့ဖခင်နဲ့အတူကြီးပျင်းလာရတာကြောင့် အထိန်းအကွပ်မဲ့နေတဲ့ကလေးဖြစ်လာခဲ့ပါတယ်။ ပညာကိုကောင်းကောင်းမသင်ယူပဲ ကျောင်းမှာလဲရန်ခဏခဏဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်။ အိမ်မှာဆရာမခေါ်သင်တော့လဲ သူ့အဖေခွန်ထပ်က နောက်မိန်းမလိုချင်လို့ဆရာမတွေခေါ်ထားတယ်လို့ထင်ပြီးဆရာမတွေကိုအမျိုးမျိုးပညာပြပြီးနှင်ထုတ်ခဲ့ပါတယ်။
ဒီလိုနဲ့ နန်ဖင်းတစ်ယောက် သူဌေးခွန်ထပ်ဆီမှာ ခွန်နန်ရဲ့ဆရာမအဖြစ်အလုပ်လုပ်ဖို့ကြုံလာခဲ့တဲ့အခါမှာ
ဒေါသကြီးတဲ့ခွန်ထပ်နဲ့ အရင်ထဲကမတည့်ကြတဲ့နန်ဖင်းတို့ ၂ယောက်ကြားဘာတွေဆက်ဖြစ်မလဲ....?
ဆိုးသွမ်းတဲ့ကောင်လေးခွန်နန်ကရော နန်ဖင်းကိုသူ့ရဲ့ဆရာမအဖြစ်လက်ခံလိုက်မလား.....? ဆိုတာ "နတ်ဆိုးပြုစားတဲ့အချစ်" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာကြည့်ရှုလိုက်ရအောင်...