Movie Name
Becoming Witch (2022)
Year
2022
Generes
Comedy, Drama
Code
SKR0704
Type
Series
Size
4.67 GB
Country
Korea
Description
ဒီတစ်ခေါက်တော့ CM ကနေ မိန်းကလေး ၃ယောက်ရဲ့ အားရဖွယ်ရာ လက်စားချေမှုတွေကို ဟာသပုံစံလေးနဲ့ ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်ကြောင်းလေးကတော့… ဂုံမာရီဟာ ချစ်ဖိုကောင်းတဲ့သမီးလေးနဲ့အတူ အားကျဖိုကောင်းတဲ့ ပျှော်ရွှင်စရာအိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ် ဒါပေမဲ့ သူ့ယောကျာ်းဖောက်ပြန်နေတာကို သိသွားချိန်မှာတော့ သူ့ရဲ့အိမ်ထောင်သည်ဘဝကို သူမတူတဲ့နည်းလမ်းနဲ့ အဆုံးသတ်ဖိုပြင်ဆင်ပါတော့တယ် ချယ်ဟီဆူးကတော့ သူဌေးမိသားစုရဲ့ချွေးမတစ်ယောက်ဆိုပေမဲ့ အတိတ်မေ့ရောဂါခံစားနေရတဲ့ ယောက္ခမရဲ့ပြုစုစောင့်ရှောက်နေရတဲ့အပြင် ယောကျာ်းကလည်း သွေးအေးအေးနဲ့ အဖတ်မလုပ်တာကို ကြုံတွေ့နေရသူပါ တစ်နေ့မှာတော့ သူ့ယောက္ခမက ကြောက်မက်ဖွယ်ကောင်းပြီး မက်ဖိုကောင်းတဲ့အရာတစ်ခု ကမ်းလှမ်းလာခဲ့ပါတယ် ယန်ဂျင်းအာကတော့ ဆိုးဝါးတဲ့ယောကျာ်းတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သူ့ယောကျာ်းသေဆုံးသွားမှုကြောင့် အာမခံကြေးအမြောက်အများကို ရရှိထားသူဖြစ်ပါတယ် သူရတဲ့ငွေတွေနဲ့ သက်သောင့်သက်သာနေရမဲ့ဘဝတစ်ခုကို ရနိုင်သော်ငြားလည်း ရုတ်တရက်ကြီးရလာတဲ့ငွေတွေကို တစ်ယောက်ယောက်ကလုယူသွားမှာ စိုးထိတ်နေပြီး ပူပန်ကြောင့်ကြတဲ့ဘဝနေနေရသူတစ်ယောက်လည်းဖြစ်ပါတယ် ဒီလို အခက်အခဲကိုယ်စီကြုံတွေ့နေရတဲ့ သူငယ်ချင်း ၃ယောက်ဟာ သတ်ပစ်ချင်လောက်တဲ့ရန်သူတွေပေါ်လာပြီး စုန်းမတွေအလား ရူးသွပ်မှုတွေကြီးစိုးလာချိန်မှာတော့… ဘာတွေဘယ်လိုဆက်ဖြစ်ပြီး သူတို့စိတ်အလိုအတိုင်း တကယ်ပဲသတ်ပစ်နိုင်မှာလားဆိုတာကို ကြည့်ရှုကြရမှာပါဗျာ