Movie Name
အုပ်ထိန်းသူ
Year
2020
Generes
Drama, Romance
Code
ST0616
Type
Series
Size
23.7 GB
Country
Thai
Description
အုပ်ထိန်းသူ " မြန်မာစာတန်းထိုး ( အစ/အဆုံး ) ပြောပြမတတ်အောင်ကြည့်လို့ကောင်းတဲ့ပညာပေးကားလေး 💖 အိမ်ထောင်သည်အမျိုးသမီးတွေ မိခင်တွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... Strong Woman တစ်ယောက်ဖြစ်ပေမယ့်မိဘမေတ္တာ ငတ်မွတ်နေသူမို့ ကောင်းမွန်တဲ့အချစ်စစ်နဲ့ တွေ့ဆုံချင်တဲ့ စုဆွန် တစ်နေ့မှာ သူမကို တကယ်မြတ်နိုးတန်ဖိုးထားတယ်လ်ို့ထင်ရတဲ့ ချတ်ဆိုသူနဲ့ အိမ်ထောင်ပြုခဲ့တယ်။ အပေါ်ယံကြည့်ပြီး လူကြီးလူကောင်း အလုပ်အကိုင်လည်း အတည်တကျရှိတဲ့သူလို့ ထင်မှတ်ပြီး လက်ထပ်ခဲ့တာပေါ့။ ချတ်က သူမ ထင်ထားသလ်ိုမဟုတ်ပဲ မိမဆုံးမ ဖမဆုံးမ သောက်စားမူးရူး သုံးဖြုန်း ပွေရှုပ် အလုပ်လည်းမလုပ်စား မိဘဆီက လက်ဖြန့်တောင်း ရိုင်းစိုင်းပြီး စရိုက်ဆန်သူဆ်ိုတာ စုဆွန်တစ်ယောက် လက်ထပ်ပြီးမှသိလိုက်ရပါတော့တယ်။ တစ်နေ့မှာ သူမရှာဖွေထားတဲ့ငွေတွေနဲ့‌ နောက်ကွယ်မှာ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိခဲ့ပါတယ်။ ချတ်ရဲ့မိခင်ဖြစ်တဲ့သူကလည်း ကိုယ့်သားဘာလုပ်လုပ် အကောင်းမြင်ပြီးအပြစ်မတင်ပဲ အမြဲအခွင့်အရေးပေးခဲ့တယ်။ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးလည်း ဗီဇဆိုတာ ပြင်မရဘူးဆိိုတဲ့အကြောင်းကို ဒီဇာတ်ကားထဲမြင်ရမှာပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ကြီးပြင်းလာတဲ့ပုံစံက မိဘတွေရဲ့ ပြုစုပျိုးထောင်မှုအပေါ်မူတည်တယ်ဆိုတဲ့ အကြောင်းရိုက်ကူးထားတဲ့ ပညာဇာတ်ကားကောင်းလေးဖြစ်တာမို့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။