Movie Name
Delia's Gone (2022)
Year
2022
Generes
Crime, Drama
Code
EN1557
Type
Movie
Size
633 MB
Country
Hollywood
Description
Delia’s Gone (2022) ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ… နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။