Movie Name
Gentlemen Of East 8th (ဘဝတစ်ကွေ့၏ ချစ်ခြင်းကာရန်) (2022)
Year
2022
Generes
Comedy, Drama, Romance
Code
SC0568
Type
Series
Size
10.3 GB
Country
China
Description
1-40 Complete ဒီတစ်ခါမှာတော့ပေါ့ပေါ့ပါးပါး အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ထုန်ယွီ၊ ကောချုံ၊ လီကျဲစန်းနှင့် ရှန့်ရှောင်ဖေးတို့က တက္ကသိုလ်အတူတက်ခဲ့တဲ့သူငယ်ချင်းတွေဖြစ်ကြတယ်။ သူတို့၄ယောက်ကမတူညီမလုပ်တွေအသီးသီးနဲ့ ဘဝကိုဖြတ်သန်းနေကြတယ်။ ဒီအကောင်းဆုံးအချိန်ကာလမှာ သူတို့ဟာအချစ်နဲ့လုပ်ငန်းအောင်မြင်မှုကို ရယူခဲ့တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ထုန်ယွီ၊ ကောချုံ၊ လီကျဲစန်းနှင့် ရှန့်ရှောင်ဖေးတို့၄ယောက်ဟာ မတူညီတဲ့ဇာတိကလာကြပြီး တက္ကသိုလ်မှာ အရမ်းရင်းနီးတဲ့သူငယ်ချင်းတွေဖြစ်ခဲံ့ကြပြီး ပျော်ရွှင်စရာလူငယ်ဘဝကိုအတူဖြတ်သန်းခဲ့ကြတယ်. အခုချိန်မှာအောင်မြင်လာကြပြီး ၂၀၂၀ခုနှစ် ရှန်ဟိုင်းမြို့မှာ နည်းပညာအင်ဂျင်နီယာအဖြစ်ထုန်ယွီ၊ ကျောင်းဆရာတစ်ယောက်အဖြစ် ကောချုံ၊ ဘရန်းဒတ်ဆိုင်ပိုင်ရှင် ရှန့်ရှောင်ဖေးနဲ့ အနောက်တိုင်းစားဖိုမှူးအဖြစ်လီကျဲစန်းဆိုပြီး အသီးသီးဖြစ်လာကြတယ်။ သူတို့လေးယောက်ဟာတည်ငြိမ်ရင့်ကျက်လာပြီး ယောင်္ကျားလေးတွေရဲ့အခက်အခဲအသီးသီးကြုံတွေ့နေရတယ်။ အချစ်နဲ့လဲကြုံတွေ့လာကြတယ်။ သူတို့ဟာသက်လတ်ပိုင်းလူငယ်တွေရဲ့အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြပြီး အချစ်နဲ့လုပ်ငန်းအောင်မြင်မှုနှစ်မျိုးလုံးရအောင် ဘယ်လိုလုပ်ဆောင်ကြလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ကြပါတယ်။