Movie Name
Tomorrow I Will Be Someone's Girlfriend (2022)
Year
2022
Generes
Drama, Romance
Code
SJP0027
Type
Series
Size
5 GB
Country
Japan
Description
Tomorrow I Will Be Someone’s Girlfriend (2022) Disney Plus က ထုတ်ထားတဲ့ ၁၂ပိုင်းပါဝင်တဲ့ ဂျပန်ဇာတ်လမ်းတွဲလေးပါ။ မန်ဂါလည်း ရှိခဲ့ပြီး မန်ဂါကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပါပဲ။ ဇာတ်လမ်းကတော့ သိပ်မကြာသေးခင်ကတင် နာမည်ကြီးလိုက်သေးတဲ့ ဂျပန်က အငှားရည်းစားခေါ် အချိန်အတူဖြုန်းပေး ရည်းစားဟန်ဆောင်ပေးတဲ့ အလုပ်ကိုလုပ်တဲ့ ကောင်မလေးတွေအကြောင်းပါပဲ။ ဒီလို အငှားရည်းစားလုပ်တဲ့ အကြောင်းကို ရိုက်ပြတဲ့ ဒါရိုက်တာကလည်း အမျိးသမီးပါ။ အမျိုးသမီးတွေ ပွိုင့်ကနေ သေချာကို ဘာလို့လုပ်ဖြစ်သွားတယ် ဘာအခက်အခဲတွေကြုံရတယ်ဆိုတာကို သေချာပုံဖော်ထားပါတယ်။ ဒီလိုပုံဖော်ရာမှာ အငှားရည်းစား အလုပ်ဘာလို့လုပ်ဖြစ်သွားကြတယ်ဆိုတဲ့ ပွိုင့်ကို ကောင်မလေးလေးငါးယောက်လောက်သုံးပြီး ရှု့ထောင့်အမျိုးမျိုးကနေ တင်ပြထားပါတယ်။ တစ်ချို့ကျတော့လည်း တကယ်သနားဖို့ကောင်းနေတာတွေ တစ်ချို့ကတော့လည်း မိုက်တွင်းနက်နေတာတွေ စုံလို့ပါပဲ။ ဒီအလုပ်ကိုလုပ်ဖို့ အလှအပက အရေးကြီးလို့ မလှတဲ့မိန်းကလေးတွေ ကြုံရတဲ့အခက်အခဲတွေပါပါတယ်။ နောက် အငှားရည်းစားဆိုတာ ရည်းစားအဖြစ်ဟန်ဆောင်ပေးရုံ လွန်ရောလက်ထိပဲကိုင်ခွင့်ပေးထားပေမဲ့ တစ်ချို့က ကိုယ်ကိုပါ လိုချင်ကြတာတွေနဲ့ ကြုံရတဲ့အခက်အခဲတွေကိုလည်း မြင်ရမှာပါ။ တစ်ပိုင်းကို နာရီဝက်လောက်နဲ့ စုံပလုံနေအောင် ကြည့်ရမယ့် ဒီလိုဘဝတွေအကြောင်း ဗဟုသုတလည်းရ အီမိုရှင်လည်းဖြစ်တဲ့ ဇာတ်လမ်းတွဲပါပဲ။ နောက်သူက ကောင်လေးတွေနဲ့ ဖျော်ဖြေပေးတဲ့ ဘားအကြောင်းတွေလည်းရိုက်ပြထားပါသေးတယ်။ သူတို့ဆီက ဈေးအကြီးဆုံးတွေမှာအောင် သူတို့တွေ ဘယ်လိုညစ်ပတ်ကြပြီး အဲဒီနွံထဲနစ်သွားတဲ့ မိန်းကလေးတွေက သူတို့နဲ့အတူရှိနိုင်ဖို့ တခြားမှာ သွားအိပ်ပြီး ငွေရှာရတာ ဘာညာလည်း ရိုက်ပြထားပါတယ်။ ဇာတ်ကားအစမှာ မင်းသမီးပြောခဲ့သလိုပဲ တိုကျိုမှာ ရှင်သန်ဖို့တာ ခက်ခဲပါတယ်။ ငွေကုန်ကြေးကျများပါတယ်။ မိဘချမ်းသာရင်ချမ်းသာ မဟုတ်ရင် အတော်စိတ်မာမှ ရှင်သန်နိုင်မှာပါဆိုသလို အဲဒီလိုရှင်သန်ဖို့ ခက်တဲ့အကြောင်းအရာတွေကို ရိုက်ပြထားပါတယ်။ နောက် သူ့ခေါင်းစဉ်အတိုင်း ဒီအလုပ်ကိုလုပ်ကြတဲ့ မိန်းကလေးအများစုမှာ တူညီတဲ့အိပ်မက်တစ်ခုရှိပါတယ်။ တစ်နေ့မာ သူတို့ကောင်လေးအစစ်ကိုရဖို့‌ သူတို့ပုံစံအတိုင်း သူတို့ကိုချစ်ပေးမဲ့သူကိုရဖို့ပေါ့။ အငှားရည်းစားဆိုတော့ သိတဲ့အတိုင်း ဖောက်သည်က ညီမလေးတိုက်ကြိုက်ရင် ညီမလေးပုံပြင်သွားရပြီး မမတိုက်ကြိုက်ရင် မမပုံပြင်သွားရပါတယ်။ ကိုယ့်ပုံစံအတိုင်းနေလို့မရပါဘူး။ သူတို့မျှော်လင့်ချက်ကတော့ သူတို့ဖြစ်တည်မှုအတိုင်း သူတို့ကိုချစ်ပေးမယ့် ကောင်လေးနဲ့ တစ်နေ့မှာတွေ့ဖို့ပါပဲ။ ဒါကိုလည်း ပါးပါးလေးထည့်ရိုက်သွားပါတယ်။ မင်းသမီးတွေလည်းချောသလို အငှားရည်းစားဆိုတာ ဘာလဲ ညာလဲ သေချာမြင်ရမယ့်ကားဖြစ်တဲ့အပြင် ၁၂ပိုင်းအစအဆုံးကိုမှ နာရီဝက်လောက်လေးတွေဆိုတော့ အချိန်ပေးသင့်တဲ့စီးရီးလေးပါပဲ။