-
Movie Name
-
Chloe (2022)
-
Year
-
2022
-
Generes
-
Drama, Thriller
-
Code
-
SE0318
-
Type
-
Series
-
Size
-
3 GB
-
Country
-
Hollywood
-
Description
-
1-6 Complete
Chloe (2022)
BBC Oneမှာ ပြသခဲ့ပြီး Amazon Primeမှာ streamingလုပ်ခဲ့တဲ့
ဗြိတိန် psycho: thrillerစီးရီးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၊
အပိုင်း ၆ပိုင်းပါဝင်တဲ့ Miniseriesဖြစ်ပြီး IMDb 6.5, RTမှာ 94%
ရထားပါတယ်။
လူတိုင်းမှာ စိတ်ထဲကအားကျရသူ၊ သဘောကျရသူဆိုတာ ရှိစမြဲပါ။
ဘက်ကီဂရင်းအတွက် အဲဒီလူဟာ ကလိုဝီဖဲရ်ဘွန်းဆိုတဲ့ မိန်းကလေး
တစ်ယောက်ပါ။ Instagramလိုမျိုး လူမှုကွန်ရက်ပေါ်က ဘဝတွေနဲ့
သူ့ရဲ့ လက်တွေ့ဘဝကို ယှဉ်တွေးနေတတ်တဲ့ ဘက်ကီအဖို့ ကလိုဝီရဲ့
ဘဝဟာ လုံးဝပြီးပြည့်စုံနေခဲ့တာပါ။
ဒါပေမဲ့ တစ်ရက်မှာ ကလိုဝီသတ်သေသွားကြောင်း သတင်းတစ်ခုကို
ဘက်ကီတစ်ယောက် မထင်မှတ်ဘဲ တွေ့လိုက်ပါတယ်။ ထူးဆန်းတာ
တစ်ခုက ကလိုဝီ သေကြောင်းမကြံခင်ညက ဘက်ကီကို ဖုန်းဆက်ဖို့
ကြိုးစားခဲ့တာပါ။ သူအားကျတဲ့ မိန်းကလေးက သတ်သေသွားတော့
ဘက်ကီဟာ ဒီတိုင်းမကျေနပ်နိုင်ဘဲ ဆာရှာမိုင်းစ်ဆိုတဲ့နာမည်အတုနဲ့
ကလိုဝီရဲ့ လူကုံထံမိတ်ဆွေအသိုင်းအဝိုင်းကြား ဝင်ရောရင်း ကလိုဝီ
သတ်သေသွားရတဲ့ အကြောင်းရင်းအမှန်ကိုရှာဖွေရင်း ထင်တာထက်
ပိုနက်နဲတဲ့အဖြေတွေ ထွက်ပေါ်လာပါတော့တယ်။