Movie Name
Clark (2022)
Year
2022
Generes
Crime, Drama
Code
SE0319
Type
Series
Size
5 GB
Country
Hollywood
Description
Stockholm syndrome ဆိုတဲ့ ​စကားလုံးကို ဒီဘက်​ခေတ်မှာ အ​တော်များများ ရင်းနှီး​လောက်မှာပါ။ ဆွီဒင်နိုင်ငံ စ​တော့ဟုမ်း မြို့ကို ရည်စူး​ထားတဲ့နာမည်ဖြစ်ပြီး ကိုယ့်အ​ပေါ် ဒုက္ခ​ပေး​နေတဲ့ ဒုစရိုက်သမားကိုမှ သ​ဘောကျမိတဲ့၊ ချစ်မိတဲ့ စိတ်အ​ခြေအ​နေ ကို တင်စားတာမျိုး​ပေါ့။ ဒီလိုထူးခြားတဲ့ စိတ်အ​ခြေအ​နေကို Stockholm syndromeလို့ ​ပေးရတဲ့ ရာဇဝင်တစ်ခုကလည်း ရှိပါ​သေးတယ်။ ဒီစီးရီးမှာ အဲဒီ နာမည်ကို ​ဖြစ်​လာစေခဲ့တဲ့ လူတစ်​ယောက်အ​ကြောင်းကို ခ​ရေ​​စေ့ တွင်းကျ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ IMDb ratingမှာ 7.4 Rotten Tomatoesမှာ 86% ရရှိထားပြီး It ထဲက pennywise အ​ဖြစ်သိကြတဲ့ မင်းသား​Bill Skarsgårdက ​​ခေါင်း​ဆောင်အဖြစ် ပါဝင်ထားပါတယ် Bill Skarsgårdက ဒီစီးရီးထဲမှာ Clark Olofssonဆိုတဲ့ ဆွီဒင်ရဲ့ နာမည်ဆိုးဖြင့် အ​ကျော်ကြားဆုံး ဂိုဏ်းစတားတစ်​ယောက်​အ​နေနဲ့ သရုပ်​ဆောင်ထားပါတယ်။ Clarkဆိုတဲ့ လူမိုက်က ခိုးဆိုးလုယက် ဓါးပြမှုကစလို့ ဘဏ်ဓါးပြမှု အနုကြမ်းစီးမှုအထိ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်တဲ့သူပါ။ ဒါ့အပြင် ရူပါ​ကလည်း ဖြူး၊ ​လေ​ပေးကလည်း ​ဖြောင့်​လေ​တော့ နာမည်တုမျိုးစုံနဲ့ ​ဥစ္စာ​​ပေါ​ရုပ်​ချော အပျိုကြီး​တွေ တစ်ခုလပ်​တွေပါ မကျန် ခြူစားပါ​သေးတယ်။ တစ်​နေ့မှာ​ဖြင့် အ​မောင်Clarkတစ်​ယောက် ဘဏ်​ဖောက်ထွင်းရင်း ကင်းလှည့်ရဲကို သတ်မိသွားပြီး အဖမ်းခံလိုက်ရပါတယ်။သို့​သော် ပြစ်မှုထင်ရှား​သည့်တိုင် ရုပ်ရည်သနားကမားနဲ့ အ​ပြော​ကောင်းတဲ့ Clark​ကို ဆွီဒင်တစ်နိုင်ငံလုံးက ရွံရှာရမယ့်အစား “​ကောင်​လေးက ​ထင်သ​လောက် မဆိုး​လောက်ပါဘူး​လေ” ဆိုတဲ့အထာနဲ့ အချစ်ခံ၊ အသနားခံ ရာဇဝတ်သား​လေး ဖြစ်သွားတဲ့အခါ…