Movie Name
Tunnel (2017)
Year
2017
Generes
Fantasy, Sci-Fi, Thriller
Code
SKR0713
Type
Series
Size
7.47 GB
Country
Korea
Description
Tunnel (အညွှန်း) “ကံကြမ္မာနှင့် အချိန်တိုကြားက ပေါင်းကူး” 𝗧𝘂𝗻𝗻𝗲𝗹 Legendary Zombie စုံထောက်ကြီး Choi Jin-hyuk အာဂျောရှီး ရဲ့ “Old But Gold” ကားကောင်းလေး ပြန်လည် တင်ဆက်ပေးလိုက်ပါပြီ My Holo Love ထဲက မင်းသား Yoon Hyun-Min နဲ့ Insider ထဲက မင်းသမီးကြီး Lee Yoo-Young တိုလည်း ပါဝင်ပါတယ် ဇာတ်လမ်းအကျဉ်း အကြမ်းဖက်မှုခင်းအဖွဲ ၁ က စုံထောက်ကြီး ပတ်ဂွမ်ဟို (Choi Jin-Hyuk) က ကွင်းဆက်လူသတ်သမားကို အပြင်းအထန်ကြိုးစားပြီး ဖမ်းနေတဲ့ အနိုင်မခံအရှုးမပေးစုံထောက်တစ်ယောက်ဖြစ်ပါတယ် 1986 ခုနှစ်မှာ ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ရန် မှုခင်း‌နေရာဖြစ်တဲ့ လိုဏ်ဂူထဲကို သွားရင်း တခြားတစ်ဖက်ကို ရောက်တဲ့အခါ သူ့အတွက် ကမ္ဘာကြီး တစ်ခုလုံး ပြောင်းလဲ သွားပါတော့တယ် အနာဂတ် အနှစ်သုံးဆယ်ဖြစ်တဲ့ 2017 ခုနှစ်ကို ရောက်သွားတာဖြစ်ပြီး အဲဘက်မှာလည်း ကွင်းဆက်လူသတ်မှုက ဆက်ဖြစ်နေပါတယ် စုံထောက်ပတ်ဂွမ်ဟိုတစ်ယောက် အဲဘက်က စုံထောက် Kim Sun-Jae (Yoon Hyun-Min) နဲ့ အပြစ်သားစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ ပရော်ဖက်ဆာ Shin Jae-Yi (Lee Yoo-Young) တိုနဲ့ပေါင်းပြီး တရားခံကို ဆက်လက်ဖမ်းဆီးသွားမှာဖြစ်ပါတယ် မင်းသားက အတိတ်ကလာတယ်ဆိုတာ ယုံကြပါ့မလား Serial Killer ကိုရော ဖမ်းမိနိုင်မလား Park Gwang-Ho ရော အိမ်ပြန်နိုင်ပါ့မလား Supernatural ကားလေးကိုမှ thriller, mystery vibes အပြည့်နဲ့ ကြည့်ရမယ့်အပြင် အတိတ်က လူနဲ့ အခု modern ခေတ်က လူတို တွေ့ကြတော့ မင်းသားနှစ်ယောက်နဲ့ ထိုင်ခွီနေရဦးမှာပါ