Movie Name
The Tourist (2010)
Year
2010
Generes
Action, Crime
Code
EN1574
Type
Movie
Size
738 MB
Country
Hollywood
Description
ဂျော်နီဒပ်နဲ့အန်ဂျလီနာဂျိုလီတို့ပါဝင်တဲ့ ဒီဇာတ်ကားက Action/Crime ပုံစံ လျှို့ဝှက်သည်းထိတ်ရင်ဖိုရုပ်ရှင်ကားပါ။ အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက် ။သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ် ။ ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီး ဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။ သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။ အစအနတောင် မတွေ့ရခဲ့ပါဘူး ။ စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကို မိဖို့ အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ် ။ တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြတယ် ။ အလက်ဇန္ဒားဟာ သူ့ဇနီးသည်ကို အချစ်မြို့တော်လို့ခေါ်တဲ့ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တွေ့ဆုံဖို့ ခေါ်ယူလိုက်တယ် ။ ဇနီးသည် အဲလစ်ဟာ ပဲရစ်ကနေ ဗင်းနစ်သို့ လာရင်း ရထားပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတော့တယ် ။ ပြသနာအရပ်ရပ်က အဲဒီအချိန်က စတော့တာပါပဲ ။ ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ရယ် … စကော့တလန်ယာဒ့် စုံထောက်တွေရယ် အလက်ဇန္ဒားလို့ ခေါ်တဲ့ သူခိုးရယ်…အဲလစ်ဆိုတဲ့ မိန်းမလှလေးရယ်… အမည်မသိလူတစ်ယောက်ရယ်…ငွေတွေရယ်…ဘယ်လိုစခန်းဆက်ကြမလဲဆိုတာ…။