Movie Name
Aye Khoi Huk Jao (ကိုယ်ချစ်ရသူလေး) (မောင့်ချစ်သူ တောသူမလေး) (2022)
Year
2022
Generes
Drama, Romance
Code
ST0621
Type
Series
Size
15.1 GB
Country
Thai
Description
အပိုင်း 1– 30(ဇာတ်သိမ်းပိုင်း) ဖူဓနိုင်လို့ခေါ်တဲ့ ဘန်ကောက်မြိုသားလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စိတ်ဓာတ်ကျနေရှာတယ်။ အကြွေးမဆပ်နိုင်တာကြောင့် အိမ်နဲ့ အခြားသော ပိုင်ဆိုင်မှုတွေကိုလည်း ဘဏ်က သိမ်းသွားတာမို့ နောက်ဆုံးမှာတော့ သူတို့ဆွေမျိုးတွေ ရှိတဲ့ ထေဖ်စုရင်ရွာလေးကို ပြောင်းလာခဲ့ရပါတယ်။ မြို့သားဖြစ်တာကြောင့် ရွာရဲ့ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့တော့ အတော်လေး ကြိုးစားရရှာတယ်။ ရွာမှာ အခြေချမယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ဆေးဆိုင်လေး ဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုဖို့ ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက ရွာသားတွေက ခေတ်မီဆေးဝါးတွေထက် တိုင်းရင်းဆေးတွေကိုသာ ယုံယုံကြည်ကြည် မှီဝဲသုံးစွဲကြတာပါ။ ရွာမှာနေရင်း ချတ်တဝမ်လို့ ခေါ်တဲ့ နောက်နောက်ပြောင်ပြောင်နေတတ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ဖူဓနိုင်တစ်ယောက် ချတ်တဝမ်အပေါ် မေတ္တာရှိလာတဲ့အခါမှာတော့ ပြဿနာ စတတ်ပါတော့တယ်။ ပက်ကျိုးဆိုတဲ့ ရွာခံကောင်လေးတစ်ယောက်ကလည်း ဖူဓနိုင်ကို ချစ်ကြိုက်နေတာမို့ ဖူဓနိုင်နဲ့ ချတ်တဝမ်တို့ နှလုံးသားရန်ဘက်တွေ ဖြစ်လာခဲ့ပါတယ်။ ရွာသားတွေရဲ့ အကြိုက်မဟုတ်တဲ့ ခေတ်မီဆေးဝါးတွေရောင်းနေတဲ့ ဖူဓနိုင်တစ်ယောာက် ရွာရဲ့ ဓလေ့တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် မနေနိုင်သေးတဲ့အပြင် ရွာခံတစ်ယောက်နဲ့ ရန်စ ရှိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ? ဖူဓနိုင်၊ ချတ်တဝမ်နဲ့ ပက်ကျိုးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကကော ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ အပတ်စဉ် တနင်္လာနေ့မှာ သောကြာနေ့ထိ ညတိုင်း Channel Myanmar မှာ ဆက်လက် စောင့်ကြည့်ပေးကြပါဦးနော်။