Movie Name
Sisa Marn (ကြယ်နှင့်တူသော ဦးခေါင်း) (ခေါင်းပြတ်သရဲ) (2022)
Year
2022
Generes
Drama, Horror
Code
ST0623
Type
Series
Size
11.3 GB
Country
Thai
Description
ကြယ်နှင့်တူသော ဦးခေါင်း (သို့မဟုတ်) Sisa Marn (2022) [အစ-အဆုံး] အပိုင်းသစ် – ၃၂ (ဇာတ်သိမ်းပိုင်း) သရဲကားကြိုက်ကြသူများအတွက် ဒီတစ်ခါတော့ သရဲဇာတ်လမ်းဆန်းဆန်းလေးလာပါပြီ။ ဇာတ်လမ်းအကျဉ်း … Pilantha ကဒေါသအရမ်းကြီးပြီး အရမ်းဆိုးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာတော့ ယာဉ်မတော်တဆမှုဖြစ်ပြီး သူမလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ရိုးရိုးဒဏ်ရာတော့ မဟုတ်ပါဘူး လည်ပင်းပြတ်သွားတာပါ။ ဒါပေမဲ့ သူမရဲ့ စိတ်စွမ်းအားကြောင့် ထူးဆန်းစွာနဲ့ သူမအသက်ရှင်ခဲ့တယ်။ Pilanthaတစ်ယောက် သူမရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်ကို ပြန်တွဲချုပ်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ လုပ်နေတဲ့ ဒေါက်တာ Piti ဆီကိုသွားခဲ့တယ်။ ဒေါက်တာ Pitiက သူမရဲ့ စွမ်းအားအကြောင်းကို လေ့လာချင်တဲ့အတွက် ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ခေါင်းနဲ့ခန္ဓာကိုယ်ကို ပြန်တွဲချုပ်တာ ကျရှုံးခဲ့တယ်။ Pilanthaရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ပုပ်လာခဲ့တယ်။ စမ်းသပ်မှုအတွက် ခန္ဓာကိုယ်အသစ်ရှာဖွေဖို့လိုလာတယ်။ Pilantha က နေ့ဘက်မှာတော့ လည်ပင်းကို ပုဝါနဲ့ပတ်ပြီး ဖုံးထားပြီး ပုံမှန်သွားလာနေတယ်။ ဒါပေမဲ့ ညဘက်မှာတော့ သူမရဲ့ခန္ဓာကိုယ်အသစ်ကို ရှာပုံတော်ဖွင့်ရတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ မိန်းကလေးတွေပျောက်ဆုံးမှုများလာတာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ Pilanthaက သူ့ညီမဝမ်းကွဲ Wirareeရဲ့ သတို့သားလောင်းကို သဘောကျသွားခဲ့ပြန်တယ်။ သူလိုချင်တာကို ရအောင်ယူတတ်တဲ့ ဆိုးသွမ်းတဲ့ Pilantha တစ်ယောက် ဘာတွေဆက်လုပ်မှာလဲ? သူမအတွက် ခန္ဓာကိုယ်ရော ရှာနိုင်မလား? ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုပါကြပါရှင့်။